Friday, January 17, 2014

သမ္မတ တက်ရောက်သောမကွေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခန်းအနားတွင် အငြိမ်းစားကျောင်းဆရာမတစ်ဦး ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား


ဇန္န၀ါရီလ(၁၆)ရက်နေ့ နံနက်ကမကွေးမြို့ တော်ခန်းမတွင် မကွေးတိုင်းဒေသကြီး ကျေး လက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခန်းအနားကျင်းပအပြီး သမ္မတဦးသိန်းစိန် ပြန်အထွက်တွင် အမျိုးသမီးတစ်ဥိး၏ အော်ဟစ်တောင်းဆိုမှုအသံထွက်ပေါ်ခဲ့သည်။
အဆိုပါအမျိုးသမီးမှာ အငြိမ်းစား ကျောင်းဆရာမတစ်ဥိးဖြစ်သည့် ဒေါ်သန်းမြင့်ဖြစ်သည်ဟုသိရသည်။

“သမ္မတကြိးရှင့် ကျမကိုခဏလေး(၅)မိနစ်လောက်တွေ့ခွင့်ပြုပါ၊ကျမ ကိုကယ်ပါ၊အိမ်ကြီးကို ဖျက်ပီးသိမ်း ယူလို့ပါ၊၀န်ကြီးချုပ်ကလစ်လှူရှုထားပါတယ်၊သမ္မတကြိးကယ်တော်မူပါ၊ကျမစစ်မှုထမ်းဟောင်းရဲ့ဇနီးပါ၊” အစရှိသဖြင့်ဟော်ဟစ်အကူအညီတောင်းခံခဲ့သည်။

သမ္မတမှ မကွေးတိုင်းဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးအားခေါ်ယူမှာကြား၍ ဥပဒေနှင့် အညီအကူ အညီပေးရန်မှာကြားခဲ့သည်၊

ကာယကံရှင်အမျိုးသမီးအားအပြစ်ပေးအရေးယူခြင်းများမလုပ်ရန်လည်းသတိပေးပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြိးများလိုက်ပါလျှက် သမ၀ါယမအသင်းစု အသင်း သားများ အတွက် တရုတ်နိုင်ငံမှာ အတိုးနှုံးသက်သာစွာဖြင့် ချေးသောငွေများနှင့် စိုက်ပျိုးရေး သုံးစက် ပစ္စည်း များအား အရစ်ကျစနစ်ဖြင့်ရောင်းချပေးခြင်းပြုလုပ်သည့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီး ပွားမြှင့် တင် ရေးအခန်းအနားတရပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့်မြန်မာ့လူဦးရေ(၇၀)ရာခိုင်နှုန်းဟာ ကျေးလက်မှာနေထိုင်ကြတယ်၊အများစုဟာ ဆင်း ရဲနွမ်းပါး မှုနဲ့ရင်ဆိုင်နေရတယ်။အလုပ်အကိုင်အခွင့်အလမ်းတွေနည်းပါးတဲ့အတွက် အိမ်နီးခြင်းနိုင်ငံ တွေမှာ ရရာ အလုပ်ကိုပင်ပန်းဆင်းရဲစွားသွားရောက်လုပ်နေရတယ်။ဒီအခြေအနေ၇ပ်ကိုကြည့်ပြီးကျေးလက် ဒေသဖွံ့ဖြိုးရေးနဲ့လူမှုဘ၀မြှင့်တင်ရေးကိုပညာရှင်များနဲ့ညှိနှီုင်းဆွေးနွေးပြီးလုပ်ဆောင်ရခြင်းဖြစ်တယ်” အစရှိ သဖြင့် ဦးသိန်းစိန်မှပြောကြားခဲ့သည်။

အခန်းအနားတွင်သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းမှလည်းကောင်း၊မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေတို့မှ သမ၀ါယမချေးငွေများနှင့်စပ်လျဉ်း၍ပြောကြားခဲ့ကြပြီး၊တန်(၃၀)ကျဆီစက်၊နှမ်းအခွံချွတ် နှင့်နှမ်းလှော် စက်ရုံဖွင့်ပွဲသို့တက်ရောက်ချီးမြှင့်ပြီး တာတာကားစက်ရုံထုတ်လုပ်မှုအခြေအနေများကို လေ့လာ သွား ခဲ့သည်။

အကူအညီတောင်းခံခဲ့သူကျောင်းဆရာမအငြိမ်းစားအား ၀န်ကြီးချုပ်မှ လောလောဆယ် ထောက် ပံ့ကူညီငွေ(၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပြိး၊အိမ်ဝိုင်းနှင့်ပတ်သက်သောအမှုအားလည်းပြန်လည်ကြားနာစစ်ဆေးပေးမည့်ဟု အကြောင်းကြားခဲ့သည်ဟုအကူအညီတောင်းခံခဲ့သူဒေါ်သန်းမြင့်မှ၎င်းနေ့ညနေပိုင်း တွင်ပြောကြားချက် အရသိ ရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List