Monday, November 17, 2014

ထိုင်းဘုရင်ဟောင်းအုတ်ဂူဟောင်း ပြန်လည်တူးဖော်နိုင်ရန် အသင့်ပြင်


အမရပူရမြို့ရှိ ထိုင်းဘုရင်ဟောင်းအုတ်ဂူနေရာအား တူးဖော်ရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် အဆင် သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ရေသဖန်းပွင့်ချစ်ကြည်ရေး အသင်းအမည်ဖြင့် ထိုင်း ဘုရင် ဟောင်းအုတ်ဂူနေရာ တစ်ဝိုက်ရှိ မြေတစ်ဧကပေါ်တွင် တူးဖော်မှုလုပ်ငန်းများပြုလုပ်နေရာ တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ပြည် ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနတို့က လုပ်ငန်းများရပ်နားရန် မတ် လ ၁၀ ရက်က အကြောင်းကြားခဲ့ ၍ ရပ်နားခဲ့ရသည်။

အုတ်ဂူတူးဖော်ခြင်းလုပ်ငန်း ပြန်လည်စတင်ရန် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း အပြင် တူးဖော်ရေးလုပ်ငန်းများ တရားဝင်ပြုလုပ်နိုင်ရန် ရှေးဟောင်းသုတေသနဌာနသို့လည်း ခွင့်ပြုချက်တောင်း ခံမှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း အ ဆိုပါလုပ်ငန်းများအား ဦးဆောင် ပြုလုပ်နေသူ ဘုရင့်အသိ အမှတ် ပြု ထိုင်းဗိသုကာအဖွဲ့ချုပ် (ယခင်ရေသဖန်းပွင့် ချစ်ကြည်ရေးအသင်း) မှ တာဝန်ခံ  ဆရာမစ်ကီ ဟတ်ကပြောသည်။

‘‘ဌာနဆိုင်ရာတွေက ခွင့်မပြုသေးလို့ ဘာလုပ်ငန်းမှမစရသေး ပေမယ့် ကျွန်တော်တို့ဘက်က တော့ စဖို့ရယ် ဒီဖြစ်နေပြီ။ သူတို့ တွေ ခွင့်ပြုပြုချင်း စလုပ်သွားမှာ’’ ဟု ဆရာမစ်ကီဟတ်က ပြော သည်။

သမိုင်းဝင်ပြတိုက်   တည် ဆောက်ရန်နှင့် တူးဖော်ရေးလုပ် ငန်းများလုပ်ကိုင်ရန် တိုင်းဒေသကြီးအစိုးရထံ မြေဧက လေးဧကတောင်းခံသော်လည်း တစ်ဧကသာမြေနေရာချပေးခဲ့သည့်အပြင် လုပ်ငန်းများဆက်လက် မပြုလုပ်ရန်  ယခုနှစ်  မတ်လအတွင်း  တားမြစ်ခြင်းခံခဲ့ရ၍   ယခုအချိန်တွင် လုပ်ငန်းပြန်လည် စတင်ရန် မြေလေးဧကရရှိရေး ပြန်လည်တင်ပြသွားရေးစီစဉ်နေကြောင်း ၎င်းက ဆိုသည်။

အမရပူရမြို့နယ် လင်းဇင်း ကုန်းသုသာန်ရှိ အဆိုပါထိုင်းဘုရင်ဟောင်း၏ အုတ်ဂူနေရာတစ်ဝိုက်သို့ ထိုင်းနိုင်ငံမှ ရှေးဟောင်း သုတေသီပညာရှင်၊ ဗိသုကာ ပညာရှင်များဖြင့် ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီမှ စတင်ကာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List