Saturday, November 22, 2014

တူရကီဝန်ကြီးချုပ် အီရတ် စစ်စခန်းတခုကို သွားရောက်ကြည့်ရှု


တူရကီ ၀န်ကြီးချုပ် အာမက် ဒါဗူတက်ဂလူဟာ အီရတ်နိုင်ငံ မြောက်ပိုင်းက ဒိုင်ယာနာ မြို့မှာရှိတဲ့ စစ်စခန်း တခုကို မနေ့က သွားရောက်ကြည့်ရှုပြီး ပက်မာဂါ တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေတဲ့ တူရကီ စစ်သား တွေနဲ့ တွေ့ဆုံပါတယ်။

တူရကီ ၀န်ကြီးချုပ်ဟာ အီရတ်မှာ ၂ ရက်ကြာ ခရီးအဖြစ် ရောက်နေပြီး အီရတ် ကဒ် တပ်ဖွဲ့ဝင်တွေကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုက်အက်စ်အကြမ်းဖက် တပ်တွေကို တိုက်ခိုက်နိုင်ရေး အကူအညီပေး မယ်လို့ ကတိပြုခဲ့ပါတယ်။

တူရကီဟာ အီရတ် ကဒ်တွေနဲ့ ဒီနှစ်တွေအတွင်း ရင်းနှီးမှု တည်ဆောက်နိုင်ပေ မယ့် ဒီနှစ် နွေရာသီမှာ အိုင်အက်စ်သူပုန်ထမှုမှာ ကဒ်တွေကို အကူအညီပေးဖို့ နှောင့်နေးတယ်လို့ ဝေဖန်ခံရပါတယ်။

နောက်ပိုင်းကျတော့မှ ကဒ်အရာရှိတွေက တူရကီက လျှို့ဝှက်ကူညီခဲ့တယ်ဆို တာကို ပြန်ပြောကြပါတယ်။

အစောပိုင်းအခြေအနေမှာ တူရကီ နိုင်ငံသား ၄၆ ယောက်ကို အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေက ပြန်ပေးဆွဲထားတာကြောင့် တူရကီက ကဒ်တွေကို အကူအညီပေးခဲ့ပေမယ့် လျှို့ဝှက်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း တူရကီဟာ နိုင်ငံရပ်ခြားကနေ လာတဲ့ တိုက်ခိုက်ရေးသမားတွေ အိုက်အက်စ် တပ်ဖွဲ့တွေ နဲ့ သွားပေါင်းခွင့်ရအောင် ဆီးရီးယားနဲ့ အီရတ် နယ်စပ်ဂိတ်တွေကို ဖွင့်ပေးထားတဲ့ ကိစ္စနဲ့ တူရကီ နယ်စပ် က ဆီရီးယားမြို့ဖြစ်တဲ့ ကိုဘာနီမြို့ကို အိုင်အက်စ်တပ်တွေက တိုက်ခိုက်တဲ့အချိန်မှာ ကဒ်တွေဘက်က ဘာမှ အကူအညီ မပေးခဲ့ဘူးလို့လည်း ဝေဖန်ခံရပါတယ်။

အမေရိကန်က ဦးဆောင်နေတဲ့ လေကြောင်း ထိုးစစ်ကိုလည်း တူရကီက ပူးပေါင်းဖို့ တွန့်ဆုတ်နေပါတယ်။ လေကြောင်းထိုးစစ်တခုတည်းနဲ့ မလုံလောက်ဘူးလို့ အကြောင်းပြပြီး၊ အာဆတ်ကို ဖြုတ်ချဖို့နဲ့ ဆီးရီးယား မှာ အရပ်သားတွေကို ကာကွယ်ဖို့  မပျံသန်းရဇုန် သတ်မှတ်တာ အပါအ၀င် ကျယ်ပြန်တဲ့ ဗျူဟာချမှတ်ဖို့ တွန်းအားပေးနေပါတယ်။

DVB

No comments:

Post a Comment

My Blog List