Wednesday, November 19, 2014

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင် ယနေ့အပြီးသတ် ရေးဆွဲမည်


တပြည်လုံး အပစ်အခတ်ရပ်စဲရေးအလွန် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် နိုင်ငံရေး မူဘောင် အပြီးသတ် ရေးဆွဲဖို့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေက ၁၅ ဦးကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြ ပါတယ်။နိုင်ငံရေး မူဘောင်ကို ကော်မတီအဖွဲ့ဝင်တွေဟာ ၈ ကြိမ်လောက် ဆွေးနွေး ညှိနှိုင်းရေး ဆွဲနေတာ ဖြစ်ပြီး ဒီကနေ့ အပြီးသတ် ရေးဆွဲဖို့ ရှိနေတာပါ။

အချောသတ် ရေးဆွဲထားတဲ့မူဘောင်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်တွေမှာ နိုင်ငံရေးပါတီ ၅၀ ကျော်ကို ချပြဆွေးနွေးသွားမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဦးဇိုဇမ်က ဒီဗွီဘီကိုပြောပါတယ်။

အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်တခုတည်း ချမှတ်ရေးဆွဲဖို့ အတွက်  ပြီးခဲ့တဲ့ စက်တင် ဘာလ ၁၃ – ၁၄ ရက်နေ့တွေက ကျင်းပခဲ့တဲ့ ၂ ရက်ကြာဆွေးနွေးပွဲမှာ  နိုင်ငံရေးပါတီ ၅၆ ပါတီကို ကိုယ် စားပြုအဖွဲ့ဝင် ၁၅ ဦးပါ လုပ်ငန်းကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။  

ဒီမူဘောင်ရေးဆွဲရာမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ)နဲ့  ညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့(ယူအန်အေ) တို့ကတော့ ပါဝင်ခြင်း မရှိသေးပါဘူး။

DVB

No comments:

Post a Comment

My Blog List