Friday, November 21, 2014

Hunger Games ဇာတ်ကားမှ လက်သုံးချောင်းထောင် အလေးပြုသည့် ပုံစံပြုလုပ်ခဲ့သော ထိုင်းကျောင်းသားငါးဦးအား ဖမ်းဆီး




ထိုင်းနိုင်ငံတွင် ထိုင်းဝန်ကြီးချုပ်မိန့်ခွန်း ပြောကြားနေချိန်၌ The Hunger Game ရုပ်ရှင်ဇာတ်ကားမှ လက်သုံးချောင်း ထောင်ကာ အလေးပြုသည့် ပုံစံပြုလုပ်သော ထိုင်းကျောင်း သားငါးဦးကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခြင်းမှာ မေလစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား နောက်ဆုံးဖြိုခွင်းမှုဖြစ် ကြောင်း အရာရှိများက ပြောခဲ့သည်။
ဝန်ကြီးချုပ်ပရာယုသ်ချန်အိုချာ၏ ပထမဆုံးခရီးစဉ်အဖြစ် khon kaen သို့ သွားရောက်ချိန်တွင်စစ် အစိုးရကို ဆန့်ကျင်သော တရားမဝင် တော်လှန်ရေး သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ကာ လူအများကို ဝှေ့ယမ်းပြ ခဲ့သည်။ 

၎င်းတို့ သည် ထိုင်းစာဖြင့် အာဏာသိမ်းမှု အလိုမရှိဟူသော စာသားပါတီရှပ် များကို ထုတ်ဖော်ပြသရန် ၄င်းတို့၏ ဆွယ်တာများကို ဖယ်ရှားခဲ့ကြပြီး လက်သုံးချောင်းထောင် အလေးပြု ခဲ့ကြပြီးနောက် ထိုနေရာမှ ဖယ်ရှား ခံခဲ့ရသည်ဟု ထိုင်း PBS ရုပ်မြင် သံကြားသတင်းအရ သိရသည်။

''ကျောင်းသားငါးယောက်ကို စစ်တပ်ကို လွှဲပေးလိုက်တယ်''ဟု khon kaen ပြည်နယ်ဆိုင်ရာ တပ်ရင်းမှူး ဂျစ်ဂျာရွန်ဆရီဗာနစ်က ပြောသည်။ 

ထိုကျောင်းသားများကို ဖမ်းဆီးထားကြောင်း အမည်မဖော် လိုသူ အရာရှိတစ်ဦးက ပြောသည်။ ထိုင်းတွင် စစ်အာဏာ သိမ်းပြီးကတည်း က ဒီမိုကရေစီစနစ်ကျင့်သုံးခြင်းကို ရပ်ဆိုင်းလိုက်ပြီး ဆန္ဒပြမှုများကို ကြမ်းတမ်းစွာတုံ့ပြန်ခဲ့သည်။ 

ဇွန်လ က ရဲများသည် စာရေးဆရာဂျော့ခ်ျ အော်ဝယ်လ်၏ အာဏာရှင်စနစ်ဆန့် ကျင်ရေးစာအုပ် 'Nineteen Eighty-Four'' ကိုဖတ်နေပြီး အသားညှပ် ပေါင်မုန့်စားနေသောကျောင်းသား တစ်ဦးကိုဖမ်းဆီးခဲ့သည်။

Ref:AFP
Yangon Media Group

No comments:

Post a Comment

My Blog List