Thursday, November 20, 2014

ကားဖြင့်တိုက်ခိုက်ခဲ့သည့် ပါလက်စတိုင်း၏ နေအိမ်ကို အစ္စရေးဖြိုချ



အငြင်းပွားဖွယ် နေအိမ်ဖြိုချခွင့်ပြုရေး အဆိုပြုချက်ကို အစ္စရေးက အလျင်အမြန် အတည်ပြုလိုက်စဉ် ပြီးခဲ့သည့်လက ကားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားနှစ်ဦး သေဆုံးစေခဲ့သည့် ပါလက်စတိုင်းသား၏ ဂျေရုဆလင်မြို့ အရှေ့ဘက်ရှိ နေအိမ်ကို အစ္စရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၉ ရက်တွင်ဖြိုချ လိုက်သည်။
ဂျေရုဆလင်မြို့တွင် အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားဖြင့် တိုက်သတ်မှုအတွင်း အစ္စရေးနိုင်ငံသား ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးစေခဲ့သည့် အကြမ်းဖက်သမား၏ နေအိမ်ကို ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ကြေညာသည်။

နိုဝင်ဘာ ၁၈ ရက်က ဂျေရု ဆလင်မြို့ ဂျူးဘုရားကျောင်းတစ် ခုတွင် ပါလက်စတိုင်းနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဂျူးဘာ သာရေးဆရာလေးဦး သေဆုံးခဲ့သဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အလျင်အမြန် အရေးယူ ဆောင်ရွက် သွားမည်ဟု ကြေညာပြီးနောက် အဆိုပါ ပါလက်စတိုင်း ၏ နေအိမ်ကို ဖြိုချလိုက်ခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက ကြေ ညာခဲ့သည့် မူဝါဒနှင့်အတူ ဂျေရုဆလင်မြို့တွင် တိုက်ခိုက်ခဲ့သူများ၏ နေအိမ်များကို အလျင်အမြန် ဖြိုချပစ်ရန် ဝန်ကြီးချုပ် နေတန်ညာဟု က ညွှန်ကြားထားသည်။

သိမ်းပိုက်ထားသော အ နောက်ဘက်ကမ်းခြေဒေသတွင် အပြစ်ပေးခြင်းအဖြစ် နေအိမ်များ ဖြိုချခြင်းကို အသုံးပြုခဲ့ သည်မှာ ကြာပြီဖြစ်သော်လည်း အစ္စရေးကသိမ်းပိုက်ထားသော ဂျေရုဆလင် အရှေ့ဘက်တွင် ယခုကဲ့သို့ မူဝါဒ တစ်ရပ်အဖြစ် သတ်မှတ်ဆောင် ရွက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ယခုလုပ်ရပ်ကို လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြစ် တင်ရှုတ်ချပြီး ယင်းကဲ့သို့ အပြစ်ပေးမှုများမှာ တိုက်ခိုက်သူ များကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ မိသားစုကို ပစ်မှတ်ထားခြင်းသာ ဖြစ်သည်ဟု ပြောသည်။

နေအိမ်များ ဖျက်ဆီးပစ်ကာ သံသယရှိသူများ၏ မိသားစုကို အပြစ်ပေးခြင်းမှာ ခြုံ၍အပြစ်ပေးခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောသည်။ 

Ref: AFP
7Day News Journal

No comments:

Post a Comment

My Blog List