Thursday, November 20, 2014

ထိုင်းရှေးဟောင်းပစ္စည်းများကို အမေရိကန် ပြန်လည်ပေးအပ်



အမေရိကန်သံတမန် ဒဗလျူ ပက်ထရစ် မာဖီနဲ့ ထိုင်းအရာရှိတွေ ဦးဆောင်ပြီး ရှေးဟောင်း အနုပညာလက်ရာ ၅၀၀ ကျော်ကို ထိုင်းနိုင်ငံဆီ ပြန်ပေးတဲ့ အခမ်းအနားတရပ်ကို ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပပါ တယ်။ ၂၀၀၈ ခုနှစ်က စီးနင်းမှုအပြီး သိမ်းဆည်းရမိတဲ့ ရှေးဟောင်း လူအသုံးအဆောင် ပစ္စည်း တွေကို အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ဘိုဝါးစ်ပြတိုက်မှာ သိမ်းထားတာ တွေ့ခဲ့ပြီးတဲ့နောက် အောက်တိုဘာလမှာ ထိုင်းနိုင်ငံဆီကို သင်္ဘောနဲ့ ပြန်တင်ပို့ခဲ့တာပါ။
ဒီပစ္စည်းတွေဟာ ထိုင်းအရှေ့မြောက်ပိုင်းက ယူနက်စကိုက အသိအမှတ်ပြုတဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀၀၀ က သမိုင်းမှတ် တမ်းတွေရှိရာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ဘန်းချိုင် က လာတယ်လို့ ယုံကြည်ကြောင်း ထိုင်းအနုပညာဌာန လက်ကမ်းစာစောင်က ဆိုပါတယ်။

“ဒီတကြိမ် ပျောက်ဆုံးရှေးဟောင်းပစ္စည်းတွေ အမြောက်အမြားပြန်ရတာဟာ ထိုင်းအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ခိုးယူခံရှေးဟောင်း ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်မှာဖြစ်ပြီး ကျူးလွန်သူတွေ ကိုလည်း တရားစီရင်မယ်။ လာမယ့် နှစ်မှာ တရားစွဲတာတွေ လုပ်မယ်”လို့ မာဖီက သတင်းထောက်တွေကို ပြော ပါတယ်။

ထိုင်းယဉ်ကျေးမှုဝန်ကြီး ဝီရာရော့ပိုချနရတ်က ရှေးဟောင်းပစ္စည်း ပြန်လည်ပေးအပ်မှုကို ကြိုဆိုပြီး အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ပြန်ရလာတဲ့ ပစ္စည်းတွေကို တခြားသမိုင်းဝင် အနုပညာလက်ရာတွေနဲ့အတူ ဘန်ကောက်မြို့ စွန်က အနုပညာဌာန ကုန်လောင်ရုံထဲမှာ လောလောဆယ် သိမ်းဆည်းထားပါတယ်။

DVB

No comments:

Post a Comment

My Blog List