Saturday, November 22, 2014

လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက် မလေးရှား သံတမန် ငြင်းဆန်


နယူးဇီလန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှား သံတမန်  မွတ်ဟာမက် ရာဇာမာန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်ကို  မနေ့က ငြင်းဆန်လိုက်ပါတယ်။ ၀ယ်လန်တန်မြို့နယ်တရားရုံးမှာ အယူခံကို လျှောက်လဲခဲ့ပြီးနောက် ဂျူရီလူကြီးတွေနဲ့ ဖွဲ့ထားတဲ့ ခုံရုံးလမ်းကြောင်းကိုလည်း ရွေးချယ်လိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် မလေးရှား သံတမန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ရည်ရွယ်ချက်နဲ့ ပိုင်နက် ကျူးလွန်မှု၊ တိုက်ခိုက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

မလေးရှား သံတမန်ဟာ ကာကွယ်ရေးဝန်ကြီးလက်အောက်က အဆင့်မြင့်ကော်မရှင်ရုံးမှာ အမှုထမ်းနေ တုန်းက အသက် ၂၁ နှစ်အရွယ်အမျိုးသမီး Tania Billingsley ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်အတွက် မေလ အစောပိုင်းက အဖမ်းခံခဲ့ရပါတယ်။

နောက်ထပ် နှစ်ပတ်အကြာမှာ သူက သံတမန် အခွင့်အရေးကို တောင်းဆိုပြီး မိသားစုနဲ့အတူ မလေးရှားကို ပြန်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို နယူးဇီလန် မီဒီယာတွေမှာ ဟိုးလေးတကျော် ဖော်ပြခဲ့ပြီးနောက်  ၀န်ကြီးချုပ် ဂျွန်ကေးက သံတမန်ဟောင်းကို အမှုရင်ဆိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါကြောင့် အရင်လက သူ့ကို မလေးရှားကနေ နယူးဇီလန်ကို ပြန်ပို့ခဲ့ပါတယ်။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့ အမှုဖြစ်ပြီး ရုံးချိန်းကို ဖေဖော်ဝါရီလမှာ ပြန်ချိန်းထားပါတယ်။

DVB

No comments:

Post a Comment

My Blog List