Monday, November 17, 2014

နောက်တစ်ကြိမ်လာလည်လျှင် ပါတီခေါင်းဆောင်များ၊အရပ်ဘက်အဖွဲ့အစည်း များနှင့် တွေ့ဆုံလိုကြောင်း တရုတ်ဝန်ကြီးချုပ်ပြောကြား


မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်လာရောက်လည်ပတ်သည့်အခါ မြန်မာနိုင်ငံမှ ပါတီ ခေါင်းဆောင်များ၊ လူမှု အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း တရုတ်ဝန်ကြီး ချုပ် လီကီကျန်းက ပြောကြားသည်။

ဝန်ကြီးချုပ် လီကီကျန်းသည်မြန်မာနိုင်ငံသို့ (၉) ကြိမ်မြောက် အ ရှေ့အာရှ ထိပ်သီးအစည်းအဝေး တက် ရောက်ရန် နိုဝင်ဘာ ၁၂ ရက်က ရောက်ရှိလာပြီး အစည်းအဝေးများအပြီး နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင် ငံသို့ တရားဝင်ခရီးစဉ် စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းခရီးစဉ်မတိုင်မီ တရုတ် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတွင် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့ဆုံမည်မဟုတ်ဟု ပြော ကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်လာရောက်ပါက ပါတီခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် တွေ့ဆုံလိုကြောင်း နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ အခြေခံပညာ ကျောင်းတစ်ကျောင်းသို့ ကွန်ပျူ တာနှင့် ဆက်စပ်ပစ္စည်းများလှူ ဒါန်းပွဲအပြီး သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နောက်တစ်ကြိမ်လာ ရောက်ပါက နေပြည်တော်သာမ က မြန်မာနိုင်ငံ၏ အခြားဒေသများသို့လည်း သွားရောက်လေ့လာလို ကြောင်း ၎င်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်မှာ မကြာမီကာလ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်း၏   ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားခြင်းမရှိပေ။

မြန်မာနိုင်ငံသည် အာရှဒေသတွင် တရုတ်နှင့် နယ်စပ်ပြဿနာ ကို ပထမဆုံး ဆွေးနွေးညှိနှိုင်းဖြေ ရှင်းနိုင်သည့် နိုင်ငံလည်းဖြစ်ပြီး နယ်စပ်ပြဿနာပြေလည်မှုမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ပြည် သူများသွားလာလည်ပတ်မှု အဆင်ပြေတိုးမြှင့်စေရေးအတွက် အခြေခံအုတ်မြစ်ချပေးနိုင်ခဲ့ကြောင်း ၀န်ကြီးချုပ်က ဆိုသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးပိုမိုဖွံ့ဖြိုးတိုးတက် ရန် ဆောင်ရွက်လိုပြီး နှစ်နိုင်ငံချစ်ကြည်ရေး တိုး တက်ခြင်းက နှစ်နိုင်ငံကို အကျိုးပြုရုံသာမက အာရှနှင့် တစ်ကမ္ဘာလုံးအတွက် အကျိုးပြုမည်ဟု ယုံကြည် ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံသား ပညာတော်သင်များကို လာမည့်နှစ်တွင် ကျောင်းသားဦးရေ ၁၀၀ လက်ခံမည်ဖြစ်ကြောင်းဝန်ကြီးချုပ်က ကြေညာခဲ့သည်။

ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ
နှင့် ဘဏ္ဍာရေး ကဏ္ဍတို့အတွက် ကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ တရုတ်က အကူအညီပေးရေး သဘော တူညီမှုများကို လက်မှတ်ရေးထိုးခဲ့ကြပြီး ချေးငွေဆိုင်ရာ သဘောတူညီချက်များမှာ လွှတ်တော်၏ အတည်ပြု ချက်ရမှသာ အသက်ဝင်မည် ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List