Wednesday, November 19, 2014

ဘန်ကီမွန်းချန်ရစ်ခဲ့သော ပြဿနာ


အာဆီယံထိပ်သီး အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ယခုနှစ်၌ မြို့မေတ္တာခံယူသွားသူက  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ယူ၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကမ္ဘာ့သြဇာအကြီးဆုံးခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ထိပ်သီးအစည်း အဝေး ပထမနေ့အပြီးတွင် အိမ်ရှင်အစိုးရနှင့် ပြည်သူများက အကြိမ်ကြိမ်ကန့်ကွက်ထားသော ပြဿနာဖြစ်လွယ်၊ အငြင်းပွားဖွယ် စကားလုံးတစ်ရပ်ကို သတင်းစာ ရှင်းလင်းပွဲ၌ သုံးနှုန်းခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်ညက ပြု လုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် မစ္စတာဘန်က လူနည်းစု အခွင့်အရေး ကို အသိအမှတ်ပြု အလေးထားသော အနေဖြင့် ယခင်သုံးစွဲထားသည့် ရိုဟင်ဂျာ အသုံးအနှုန်းကိုသာ ဆက်လက် သုံးစွဲသွားမည်ဟု ဆိုသည်။

‘‘အစိုးရက သူတို့တွေကို ဘင်္ဂါလီလို့သုံးနှုန်းနေတာ ကျွန် တော်သိပါတယ်။ ရခိုင်က လူတွေကတော့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ကြတယ်။ လူနည်းစုအခွင့် အရေးကို အသိအမှတ်ပြုဖို့စည်း မျဉ်းစည်းကမ်းကို အခြေခံပြီး ကမ္ဘာ့ကုလသမဂ္ဂက ရိုဟင်ဂျာ အဖြစ်သုံးနှုန်းထားပါတယ်။ ဒီကိစ္စက နောက်ထပ်ဘယ်လိုထပ် ဆောင်းပြဿနာမျိုးကိုမှ မဖန်း တီးဘူးလို့ ကျွန်တော်ထင်ပါ တယ်။ ဒါက လိုအပ်တဲ့အရာတစ် ခုလို့ ကျွန်တော် မထင်ပါဘူး’’ဟု ဘန်ကီမွန်းကဆိုသည်။

 သို့သော် ဝေဖန်မှုများကြုံ တွေ့ပြီး နောက်တစ်နေ့တွင် ရို ဟင်ဂျာ၊ ဘင်္ဂါလီဟု ပြောင်းလဲ သုံးနှုန်းခဲ့သည်။

ယင်းဝေါဟာရအသုံးအနှုန်း တစ်ခုကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းစ  အစိုးရသစ်လက် ထက်တွင် အဓိကဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော ရခိုင် အရေးကိုင်တွယ်ရာ၌ တည်ငြိမ်စပြုနေသည့် ဒေသ၏ အနာဂတ်၊ သဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စိုးရိမ်ပူပန်မှုများဖြစ်ပွားလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရ ပြီးစ လွန်ခဲ့သော ဆယ်စုနှစ်များ စွာကပင် သမိုင်းနှင့်ချီ ပဋိပက္ခ များဖြစ်ပွားခဲ့ပြီး အစိုးရသစ်လက်ထက် ၂၀၁၂ အတွင်း ဖြစ်ပွားခဲ့ သော အကြမ်းဖက်မှုများကြောင့် ကမ္ဘာကပင် စောင့်ကြည့်
နေရသည့် ရခိုင်အရေးဖြစ်ပွားစေသော အဓိကအကြောင်းရင်းတစ်ခုမှာ ‘‘ရိုဟင်ဂျာ’’လူမျိုးဆိုသည့် ဝေါဟာရ ဟု လေ့လာစောင့်ကြည့်သူများနှင့် ရခိုင်အမျိုးသားအင်အားစုများကဆိုသည်။

ပဋိပက္ခများဖြစ်ပွားခဲ့မှုကို ဖော်ထုတ်ဖြေရှင်းနိုင်ရန် ၂၀၁၂ သြဂုတ်က နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့သည့် ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ရိုဟင်ဂျာအသုံးအနှုန်းနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ဖော်ပြထားသည်။

 စစ်တကောင်းတောင်ပိုင်း ဘင်္ဂါလီလူမျိုးတို့အခေါ်အရ ‘‘ရို ဟင်’’မှာ ရခိုင်ဟု အဓိပ္ပာယ်ရပြီး  ‘‘ဂျာ’’၏ အဓိပ္ပာယ်မှာ သွား ရောက်နေသူဖြစ်သည်။ ရိုဟင်ဂျာ ဆိုသည်မှာ လူမျိုးတစ်မျိုးအမည် မဟုတ်ဘဲ ရခိုင်ပြည် တွင် သွား ရောက်နေထိုင်အလုပ်လုပ်ကိုင် သူဆိုသည့်အဓိပ္ပာယ်ဖြစ်ကြောင်း ရခိုင်ကော်မရှင်ကဆိုသည်။

၁၉၅၀ ၀န်းကျင်ကာလများ တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီလူမျိုး များက ၎င်းတို့ဘာသာ ‘‘ရိုဟင်ဂျာ’’ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံအမျိုး မျိုးသော တောင်းဆိုမှုများ၊ အဖွဲ့မျိုးစုံဖွဲ့၍လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်

မှုများပြုလုပ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားရှိခဲ့ပြီးဖြစ် ကြောင်း ရခိုင်ကော်မရှင်အစီရင်ခံ စာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတအပါအ ၀င် အစိုးရကရိုဟင်ဂျာလူမျိုးမရှိ ကြောင်း အကြိမ်ကြိမ်ထုတ်ဖော် ကန့်ကွက် ထားခဲ့ပြီးလည်းဖြစ် သည်။ သို့သော်ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းတစ်ခု၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးက ယင်း အသုံးအနှုန်းသုံးစွဲခဲ့ခြင်းကြောင့်ရခိုင်ပြည်နယ်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် အဟန့်အတား၊ အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ဝေဖန်ထောက်ပြမှုများရှိလာခဲ့သည်။

ရခိုင်အရေးဖြေရှင်းနိုင်ရန် နိုင်ငံတော်သမ္မတ၏ အထူးကိုယ် စားလှယ်အဖြစ်တာဝန်ယူ ဆောင်ရွက်နေသော ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက မစ္စတာဘန်ထံသို့ နိုဝင်ဘာ ၁၃ ရက်က တရားဝင်ပေးပို့သော ပေးစာ၌ ယခုကဲ့သို့တောင်းဆိုထားသည်။

‘‘အနာဂတ်ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အခုလိုသုံးနှုန်း ပြောဆိုမှုတွေကို ချင့်ချိန်တွေး တောဖို့လိုအပ်ပါတယ်’’ဟု ပြောသည်။

ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် တည်ငြိမ်စ ပြုနေသည့် ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော် မှုများ၊ ပဋိပက္ခ များဖြစ်ပွားလာနိုင်ပြီး အစိုးရအ နေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆက်လက်ဆောင် ရွက်ရမည့်အစား အကျပ်အတည်းတွေ့ သွားစေနိုင်ကြောင်း သုံးသပ်မှုများထွက်ပေါ်ခဲ့သည်။

‘‘ရှေ့မတိုးဘဲ နောက်ကိုပဲ ပြန်ဆုတ်နေရမယ့် အနေအထား ဖြစ်သွားနိုင်တယ်။ သမိုင်းအခြေ အနေသေချာ မသိဘဲ ရိုဟင်ဂျာလိုလားတဲ့အုပ်စုတွေကိုပဲ Lobby လုပ်ပေးသလိုဖြစ်နေတယ်’’ဟုရခိုင်ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးအောင်မြကျော်က ထောက်ပြသည်။

 ရိုဟင်ဂျာမရှိဟုဆိုသော် လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးအများစုကမူ ၎င်းတို့သည် မြန်မာနိုင်ငံတွင် ရှေးယခင်ကပင် နေထိုင်ခဲ့သော ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း မဟာစင်မုန် တိုင်းနှင့် သန်းခေါင်စာရင်း ကာလအတွင်းက 7 Day News သို့ ပြောဆိုကြသည်။ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကလည်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ

ဝိုင်းကို  နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် အညီအခွင့်အရေးများပေးမှသာ ပြဿနာဖြေရှင်းနိုင် မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုထားကြသည်။

ကမ္ဘာ့သြဇာအာဏာအကြီး ဆုံးခေါင်းဆောင်တစ်ဦးဖြစ်သည့် အမေရိကန်သမ္မတအိုဘားမားက ၎င်း၏ ဒုတိယအကြိမ်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်အရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက် ပြုသည်။

‘‘ဒါဟာ ဒီမိုကရေစီဖော် ဆောင်ရေးမှာ အကြီးအကျယ် မတည်မငြိမ်ဖြစ်စေမယ့် အ ကြောင်းကိစ္စတစ်ခုပါ။ တရား ၀င်အစိုးရတစ်ရပ်မှာ ပြည်သူလူ ထုအားလုံးအတွက် အခြေခံအား ဖြင့် တူညီမျှတဲ့ စည်းမျဉ်းသတ် မှတ်ချက်တွေရှိနေလိမ့်မယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်’’ဟု သမ္မတအိုဘားမား ကပြော သည်။

 ရခိုင်အမျိုးသားရေးအင် အားစုများကမူ ကမ္ဘာက ရိုဟင်ဂျာအမည်ကို ယုံကြည်လက်ခံနေ ခြင်းမှာ သမိုင်း အမှန်ကို သေချာမသိရှိဘဲ နှစ်ပေါင်းများစွာ နိုင်ငံ တကာမီဒီယာများမှတစ်ဆင့် ၀ါဒ ဖြန့်ချိနေမှုများကြောင့်ဟု ထောက်ပြသည်။

‘‘ငွေကြေးတတ်နိုင်တဲ့ နိုင်ငံ တကာရောက်ဘင်္ဂါလီလူမျိုးအသိုင်းအ၀ိုင်းက လူမျိုးစုတစ်ခုအဖြစ်ဖန်တီးပြီး သူတို့အင်းမေ့ခ်ျ(ပုံရိပ်)ကို ကမ္ဘာကသိအောင် ၀ါဒ ဖြန့်နိုင်တယ်။ ဒါကိုအမှန်အတိအ ကျမသိဘဲ ဖြစ်နိုင်ခြေ ကို လက်ခံ နေတဲ့သဘော’’ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စော ဝေကပြောသည်။

ထို့ကြောင့်ပင် အငြင်းပွား နေသည့် ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံတွင်မရှိကြောင်း နိုင်ငံ တကာသို့ အခိုင်အမာသက်သေ ပြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်များနှင့် ဆွေးနွေး၍ သမိုင်းစာအုပ်ပြုစုပြီး ကမ္ဘာသို့  အခိုင်အမာချပြသွားမည်ဟု ဆိုသည်။

သမိုင်းနှင့်ချီပြဿနာများ ဖြေရှင်းနိုင်ရန် ရခိုင်စုံစမ်းစစ်ဆေး ရေးကော်မရှင်အပါအ၀င် ဒေသခံပြည်သူများအကြံ ပြုတောင်းဆိုခဲ့ သော ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကိုလည်း ကုလအပါအ၀င် နိုင်ငံတကာက လူ့အခွင့် အရေးနှင့် မကိုက်ညီကြောင်း ဝေဖန်ထား သည်။ အစိုးရက ယင်းဥပဒေဖြင့် နိုင်ငံသားစစ်ဆေးခြင်းလုပ်ငန်း များကို ပြီးခဲ့သည့်လများက ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ လျောက်လွှာ တင်သွင်းသူ ဘင်္ဂါလီလူမျိုးတစ် ထောင်ကျော်ရှိခဲ့သည်။ 

ယင်းအထဲမှာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး ရရှိခဲ့ပြီး ၎င်းတို့မိသားစုဝင်များမှာလည်း အလိုအလျောက်နိုင်ငံ သားဖြစ်ခွင့်ရရှိခဲ့သည်။ ထို့အပြင် နိုင်ငံသားပြုခွင့် ၁၇၀ ဦးခန့်ရရှိခဲ့ ပြီးဖြစ်သည်။ ၁၉၈၂ ဥပဒေဖြင့် မညီညွတ်သူများကို အရေးယူ ဆောင်ရွက်ရန်မှာမူ အစိုးရအနေ ဖြင့် နိုင်ငံတကာဖိအားများစွာရှိ နေသည်ဟုလည်း ရခိုင်အရေး စောင့်ကြည့်သူများက သုံးသပ် သည်။

မစ္စတာဘန်ကမူ ယင်းဥပဒေဖြင့် မညီညွတ်သူများကို မည်ကဲ့ သို့ဆောင်ရွက်မည်ဆိုသည့် နေပြည်တော်၌  မီဒီယာအချို့၏မေးမြန်းမှုကို ရှင်းလင်းစွာ ဖြေကြားခဲ့ခြင်းမရှိခဲ့။

မြန်မာနိုင်ငံ၏ ဒုတိယအ ဆင်းရဲဆုံးပြည်နယ် ဖြစ်သည့် အနောက်ဘက် တံခါးရခိုင်ဒေသတွင် မီးလောင် ပျက်စီးထားသည့် နေ အိမ်အဆောက်အအုံများ၊ ဒုက္ခ သည်စခန်းများကို ယနေ့တိုင် မြင် တွေ့နေရဆဲဖြစ် သည်။ နှစ်ဖက် လူ့အသိုင်းအ၀ိုင်းကြားတွင်လည်း စိတ်ဒဏ်ရာများ၊ စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။

ထို့အပြင်ရခိုင်အရေးသည် ပြည်တွင်းရေးထက် ကျော်လွန်၍ နိုင်ငံတကာ အရေးအထိပင် ရောက်ရှိလာပြီ လည်းဖြစ်သည်။ အစိုးရအနေဖြင့် ဖိအားများစွာ အောက်မှ ရခိုင်ပြဿနာကို အကောင်းဆုံးပြေလည်အောင် ဖြေရှင်းနိုင်ရန် အရေးတကြီးလို အပ်လှနေပြီဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List