Thursday, November 20, 2014

ဂျကာတာ အုပ်ချုပ်ရေးမှူးသစ် ကျမ်းသစ္စာကျိန်ဆို


အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ နှစ် ၅၀ အတွင်း ပထမဆုံး လူနည်းစု တိုင်းရင်းသား အုပ်ချုပ်ရေးမှူး ဘာဆူကီ ဂျဟာဂျာ ပူရ်နာမာဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ ဂျကာတာ အုပ် ချုပ်ရေးမှူးရာထူးဟာ အင်ဒိုနီးရှားရဲ့ သြဇာအကြီးဆုံး နိုင်ငံရေး အလုပ်နေရာတွေထဲက တခုပါ။

အားဟုန်လို့ သိကြတဲ့ အုပ်ချုပ်ရေးမှူးသစ်ဟာ သမ္မတနန်းတော်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်ဟောင်း ဝီဒိုဒိုအစိုးရအဖွဲ့ဝင်တွေနဲ့အတူ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ်တွေ ကတော့ ရာနဲ့ချီတဲ့ အစ္စလာမ်မစ်အမာခံတွေက အားဟုန်ရဲ့ ကျမ်းသစ္စာခံယူမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြ တာပါ။

ကမ္ဘာ့အကြီးဆုံး မွတ်စလင်လူဦးရေ ရှိရာ အင်ဒိုနီးရှားမှာ ဘာသာရေး သည်းမခံမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် အကြမ်းဖက်မှု မဖြစ်ရအောင် ဒီသီတင်းပတ်အတွင်း မြို့တော်မှာ ရဲတွေထောင်ချီ လုံခြုံရေး ချထားရပါတယ်။

ဂျကာတာရဲ့ ပထမဆုံး တရုတ်လူမျိုး အုပ်ချုပ်ရေးမှူး အားဟုန်ဟာ ပွင့်လင်းပြီး ခက်ထန်တဲ့ ခေါင်းဆောင် အဖြစ် နာမည်ရထားပါတယ်။

အဂတိလိုက်စားမှုနဲ့ ကြိုးနီစနစ်တွေကို စိတ်ကုန်နေတဲ့ ဒေသခံတွေရဲ့ ချီးကျူးမှုကိုလဲ ခံခဲ့ရပြီးပါပြီ။

မွတ်စလင်အဖွဲ့အစည်းအများအပြားကလဲ အားဟုန်ကို ထောက်ခံကြောင်း အသံပြုခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ ခရစ်ယာန်၊ ရှီးယားမွတ်စလင်နဲ့ အာမာဒီယာလို အစ္စလာမ့် အဖွဲ့ငယ်လေး တွေကို ဆန့်ကျင် မှုတွေ ကျန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဖြစ်ခဲ့ဖူးပါတယ်။

သမ္မတ ဝီဒိုဒိုအစိုးရကတော့ အင်ဒိုနီးရှားက ဘာသာရေး အားလုံးကို ကာကွယ်မယ်လို့ ကတိပေးထား ပါတယ်။

ပညာရှင်တွေကတော့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်က ဝီဒိုဒိုကို သြဇာအစွမ်း လျော့ကျ အောင်လုပ်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List