Saturday, November 22, 2014

ဝမ်းဗိုက်အဆီကျစေကျစေသည့် ပျားသံပုရာဖော်မြူလာ



ယခုအခါ လူကြိုက်များလာပြီး ပေါ်ပြူလာဖြစ်လာတဲ့ ၀မ်းဗိုက်အဆီချပေးနိုင်တဲ့ ပျားသံပုရာဖော်မြူလာကို မျှဝေပေးလိုက်ပါ တယ်။

( ပျားသံပုရာဖော်မြူလာအတွက် ပါဝင်သောပစ္စည်းများ )

၁။ သံပုရာသီး
၂။ ပျားရည် (မွေးမြူရေးပျား မဟုတ်ပဲ သဘာဝပျားဆိုလျှင် ပိုကောင်းပါသည်)
၃။ ဆားအနည်းငယ်
(ပျားသံပုရာ ပြုလုပ်နည်း )

၁။ သံပုရာသီးအလုံးလိုက်ကို ဆားနှင့်  ပွတ်တိုက်ပေးပါ။

၂။ (၃) မိနစ်ခန့်ကြာလျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင် ခဏထားပါ။

၃။ သံပုရာသီးများကို အခွံနှင့်တကွ အကွင်းလေးများဖြစ်အောင် ပါးပါးလှီးပြီး အစေ့များကို ဖယ်ထုတ်ပါ။

၎။ အ၀ကျယ် ပုလင်း (သို့မဟုတ်) ဗူး၊ ကရားထဲသို့  သံပုရာသီးအကွင်းလေး (၁) ကွင်းလျှင် ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း အချိုးကျ ထည့်ပြီး သံပုရာကွင်းများမြုပ်အောင်ထိ ရေသန့်(သို့မဟုတ်) ရေကျက်အေး ထည့်ပါ။

၅။ အဖုံး ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ (၃) ရက်ခန့် သိမ်းထားပါ။

( သောက်သုံးရန် အညွန်း )

မနက်စာမစားခင်နှင့် ညဖက်အိပ်ယာမ၀င်ခင်ကို သံပုရာတစ်ကွင်းနှင့် 
ဖော်စပ်ထားသော ဆေးအရည်တစ်ဇွန်းခန့်ကို ရေအေး (သို့မဟုတ်) ရေနွေးဖြင့်
သောက်သုံးပါ။

တစ်ပတ်ခန့် ဆက်တိုက်သောက်သုံးပြီးလျှင် အစာခြေ စနစ်ကိုကောင်းမွန်စေပြီး ၀မ်းဗိုက်အဆီများ လျှော့ချသွားစေကာ ဗိုက်သားကို ချပ်ရပ်စေပါမည်။ သဘာဝဆေးနည်းမို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။

ပျားသံပုရာဖော်မြူလာကို ကမ္ဘာမှာ လူကြိုက်များလာစေသည့် အကြောင်းရင်းများကတော့ အားကစားလုပ်စရာမလိုခြင်း၊ အစားရှောင်စရာမလိုခြင်း၊ အကုန်အကျလည်း သက်သာခြင်း၊ ဆေးနည်းကလည်း အရမ်းကို လွယ်ကူခြင်းနှင့် အမှန်တကယ် ထိရောက်မှုရှိခြင်းတို့ကြာင့် ဖြစ်ပါတယ်။

ဆောင်းပါးရှင် = ဦးနေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား ။ ။ Shrink Your Waist With Lemon and Honey
ကျန်းမာရေးသတင်းများ

No comments:

Post a Comment

My Blog List