Thursday, November 20, 2014

ရွေးကောက်ပွဲသည် ငွေကြေးဖြုန်းတီးမှု ဖြစ်သည် ဆိုသည့် ဝေဖန်ချက်များကို ဂျပန်အစိုးရ ခုခံပြောကြား


အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို သတ်မှတ်ကာလ ထက် နှစ်နှစ်ခန့် စော၍ ပြုလုပ်ရန် စီစဉ်နေခြင်း သည် ငွေကြေးဖြုန်းတီးမှုပင်ဖြစ်သည်ဆိုသော စွဲချက်များကို ဂျပန်အစိုးရက နိုဝင်ဘာ ၁၉ ရက်၌ ပြန်လည် ချေပ ပြောကြားခဲ့သည်ဟု သိရသည်။

နိုင်ငံတွင် ကုန်ရောင်းခွန် တိုးမြှင့်မည့် ကိစ္စရပ်ကို ရပ်ဆိုင်းထားပြီး ယင်းကိစ္စကို အတည်ပြုချက်ရနိုင်ရန်အ တွက် ရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပသွားမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ ၎င်းက အခွန်တိုးမြှင့်ရေး ကိစ္စရပ်သည် ပါလီမန် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် အရေးကြီးသော ကိစ္စတစ်ခုဖြစ် သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘ၀တွေနဲ့ သူတို့ ရဲ့ စီးပွားရေးတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမှာဖြစ်တဲ့အတွက်ကြောင့် လုပ်ပိုင်ခွင့် အသစ်တစ်ခုကို ရယူသင့်တယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်၊ ကိုယ်စားပြုတောင်းဆိုချက်တွေ မရှိပဲနဲ့တော့ အခွန်စည်းကြပ်မှုတွေ ရှိမှာမဟုတ်ပါဘူး” ဟု အာဘေးက ပြောကြားသည်။

သို့ရာတွင် ထိုကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်ခြင်းသည် ငွေကြေးဖြန်းတီးမှုသာဖြစ်သည်ဟု ဝေဖန် မှုများ ရှိခဲ့ပြီး နိုင်ငံ၏များပြားလှသောကြွေးမြီများနှင့်အတူ ပြီးခဲသည့်သုံးနှစ်တာက ဆူနာမီ ရေလှိုင်းဒဏ်ခံ ခဲ့ရသော ဂျပန် ကမ်းရိုးတန်းတွင် ပျက်ဆီးနေဆဲ အခြေအနေများအပေါ် ပြည်သူများက ထောက်ပြခဲ့ကြ သည်။

“ အစိုးရ အနေနဲ့ ရွေးကောက်ပွဲမှာ ယန်းငွေ ၆၀ ဘီလီယံ (ကန်ဒေါ်လာ ၁၂ သန်း) ကို သုံးစွဲဖို့ထက် စီးပွားရေး မူဝါဒတွေကိုသာချမှတ်လုပ်ဆောင်သွား သင့်ပါတယ်” ဟု အတိုက်အခံ ပါတီငယ် တစ်ခုဖြစ်သော Your ပါတီ၏ အကြီးအကဲ ကိုင်ချီရို အာဆိုကပြောသည်။ ထို့ပြင် ၂၀၁၁ ဆူနာမီလှိုင်း ဒဏ်ကြောင့် ဆိုးရွား စွာ ထိခိုက်ပျက်ဆီးခဲ့သော ဒေသတစ်ခုဖြစ်သည့် လွာတီ စီရင်စုနယ်မှ အုပ်ချုပ်ရေးမှူး တာကူယာ တက်ဆို ကလည်း အစိုးရ၏ ယခု ဦးစားပေး သတ်မှတ်ချက်များ လွဲမှားနေသည်ဟု ပြောသည်။ “ စီးပွားရေးဖွံဖြိုး တိုးတက်အောင် တွန်းအားပေးဆောင်ရွက်ဖို့ လိုအပ်နေဆဲဖြစ်တဲ့ အချိန်တစ်ခုမှာ နိုင်ငံရေး အခင်းအကျင်း တစ်ခုကို ဖန်တီးတာမျိုးကို မလုပ်သင့်ပါဘူး” ဟု ၎င်း ကပြောသည်။

သို့ရာတွင် ဝန်ကြီးချုပ် အာဘေးတွင် ထိုကဲ့သို့ ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် အခွင့်အရေးရှိနေသည် ဟု ဂျပန် အစိုးရအဖွဲ့၏ အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါ က သတင်းထောက်များကို ပြောသည်။ “အောက် လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် လျင်မြန်စွာခေါ်ယူ ကျင်းပဖို့ကို ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံထဲမှာ လည်း ပြဌာန်းထားပါတယ်၊ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ သူ့ကို ထောက်ခံသူတွေဆီက အထင်အမြင် တွေကို မေးမြန်းဖို့လုပ်တာဟာ သဘာဝကျတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် အစိုးရလက်ထက်က ပါလီမန်၏ ထောက်ခံချက်ဖြင့် ရေးဆွဲခဲ့သည့် တန်ဖိုးပေါင်း ထည့် အခွန်သတ်မှတ်ချက် VAT ကို ဒုတိယအကြိမ် တိုးမြှင့်ရန်အတွက် အာဘေးက ရပ်ဆိုင်းထားခြင်း ဖြစ်သည်။ ဧပြီလက ယင်းအခွန်သတ်မှတ်ချက်ကို ပထမအကြိမ် တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း သုံးစွဲသူများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ 

ယင်းအတွက်ကြောင့် ၎င်းတို့၏ ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်ခဲ့ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတွင် များစွာကျဆင်းခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List