ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အနေနဲ့ လာမယ့် ၂ဝ၁၅ မှာ သမ္မတ အဖြစ် ရည်မှန်းထားကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သမ္မတနဲ့ ကာချုပ် သဘောထားပေါ်မူတည်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီဖွဲ့စည်းပုံနဲ့သာ သွားမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလုပ်ဆောင်မှုတွေ ဟာ နောက်အစိုးရလက်ထက် မှာသာ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေကန့်ကွက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကို တင်ပြလာမယ်ဆိုရင် လွှတ်တော်ဥက္ကဌ အနေနဲ့ စဉ်းစားပေးမှာဖြစ်ကြောင်း လည်း ပြောခဲ့ပါတယ်။
RFA Burmese


No comments:
Post a Comment