Wednesday, November 19, 2014

ကမ္ဘာ့အိမ်သာနေ့


နိုဝင်ဘာလ ​၁၉ ​ရက်နေ့ဟာ ​ကမ္ဘာ့အိမ်သာနေ့လို့ ​တိုက်ရိုက်ဘာသာပြန်ရမယ့် ​World ​Toilet ​Day ​နေ့ဖြစ်ပါတယ်။ အဲဒီနေ့ရောက်ရင် ​မစင်ကို ​စနစ်တကျစွန့်ပစ်တဲ့အတွက် ​ခံစားနိုင်တဲ့ ​ကောင်းကျိုးတွေ၊ ​စနစ်တကျမစွန့်ပစ်ရင် ​ခံစားရမယ့် ​ဆိုးကျိုးတွေအကြောင်း ​ပညာပေးဖော်ပြတဲ့ ​လုပ်ရပ်တွေကို ​ကမ္ဘာ့နိုင် ငံတွေက ​ပြုလုပ်လေ့ရှိပါတယ်။

ကမ္ဘာပေါ်က ​လူဦးရေ ​သန်းပေါင်း ​နှစ်ထောင့်ငါးရာကျော် ​ဒါမှမဟုတ် ​၂.၅ ​ဘီလီယံဟာ ​သန့်ရှင်းတဲ့ ​အိမ်သာမရှိကြဘူးလို့သိရပါတယ်။

ဒီနှုန်းအရ ​လူသုံးယောက်မှာ ​၁ ​ယောက်က ​စနစ်ကျတဲ့ ​အိမ်သာ ​မရှိဘူး ​ဆိုတာကို ​ဖော်ပြ ​နေတာဖြစ်ပါ တယ်။

အဲ့ဒါ့အပြင် ​ကမ္ဘာပေါ်က ​လူသန်းပေါင်း ​တစ်ထောင်ကျော်ဟာ ​လဟာပြင်မှာပဲ ​ကျင်ကြီး၊ ​ကျင်ငယ်တွေစွန့် နေရတယ်လို့လဲ ​သိရပါတယ်။ ​အများစုကတော့ ​အာဖရိကတိုက်နဲ့ ​အာရှတိုက်မှာ ​ဖြစ်ကြောင်းလဲ ​သိရပါ တယ်။

သန့်ရှင်းမှုနည်းပါးတာဟာ ​ဆင်းရဲမှုနဲ့ ​နွယ်နေတဲ့အတွက် ​ဆင်းရဲမှုပပျောက်ဖို့အတွက် ​သန့်ရှင်းမှုကို ​မြင့်တင်တဲ့အနေနဲ့ ​ကမ္ဘာ့အိမ်သာနေ့ဆိုပြီး ​သတ်မှတ်ကျင်းပကြတာ ​ဖြစ်ပါတယ်။

လဟာပြင်မှာပဲ ​ကျင်ကြီး ​ကျင်ငယ်စွန့်တာဟာ ​လေထုနဲ့ ​ပတ်ဝန်းကျင်အတွက် ​ဆိုးဝါးသလို ​ကျန်းမာရေး ကိုပါ ​ထိခိုက်နိုင်ပါတယ်။

လဟာပြင်မှာ ​စွန့်တဲ့ ​ကျင်ကြီး ​ကျင်ငယ်တွေဟာ ​မြေကြီးထဲစိမ့်ဝင်တာတွေ၊ ​အဲဒီကနေတဆင့် ​ရေကြော တွေထဲဝင်တာတွေ၊ ​ဒါမှမဟုတ် ​မစင်တွေဟာ ​မြစ်ထဲ၊ ​ချောင်းထဲဝင်ပြီး ​မြစ်ရေအပေါ် ​မှီခိုအားထားနေရ သူတွေအတွက် ​ကျန်းမာရေးထိုခိုက်မှုတွေ ​ဖြစ်နေရပါတယ်။

အဲ့ဒါ့အပြင် ​မစင်တွေဟာ ​ယင်ကောင်တွေကို ​ဆွဲဆောင်တဲ့အတွက် ​ယင်ကောင်ကနေတဆင့် ​ရောဂါပိုး တွေပြန့်နှံ့ပြီး ​ဝမ်းရောဂါအစရှိတဲ့ ​ရောဂါတွေ ​ဖြစ်နိုင်ပါတယ်။

ရောဂါတွေဖြစ်လာရင် ​ကုသဖို့အတွက် ​ငွေကုန်ကြေးကျမှုများတဲ့အတွက် ​ဆင်းရဲသူတွေက ​ဆင်းရဲတဲ့ သံသရာမှာပဲ ​လည်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ ​အဲ့ဒါ့အပြင် ​ညစ်ပတ်တဲ့ပတ်ဝန်းကျင်မှာ ​လူသွားလူ လာတွေနည်းပါးသလို၊ ​ကမ္ဘာလှည့်ခရီးသည်တွေ ​သွားလာမှာမဟုတ်တဲ့အတွက်လည်း ​စီးပွားရေးတွေ ​ထိခိုက်မှာဖြစ်ပါတယ်။

စနစ်ကျတဲ့ ​အိမ်သာတွေရှိခြင်းအားဖြင့် ​ကျန်းမာရေးအတွက် ​ကုန်ကျစရိတ်တွေ ​လျော့ချနိုင်ပြီး ​လူသားတွေရဲ့ ​ဂုဏ်သိက္ခာသာမက ​လုံခြုံမှုကိုပါ ​ပေးစွမ်းနိုင်တယ်လို့ ​ဆိုပါတယ်။ ​အဲ့ဒါ့အပြင် ​ကျား၊မအကြား ​တန်းတူညီမျှ အခွင့်အရေးတွေ ​ပေးစွမ်းနိုင်တဲ့အထိ ​ဖြစ်နိုင်ပါတယ်။

အန္ဒိယနိုင်ငံ ​ကျေးလက်ဒေသမှာ ​စနစ်ကျတဲ့အိမ်သာတွေမရှိတဲ့အတွက် ​ရာသီလာတဲ့အမျိုးသမီးငယ်တွေ ဟာ ​တစ်လမှာ ​ငါးရက်လောက် ​ကျောင်းပျက်နေရပြီး ​နောက်ဆုံးမှာတော့ ​စာမလိုက်နိုင်တဲ့အတွက် ​ကျောင်းထွက်ရတဲ့အထိ ​ဖြစ်နေကြတယ်လို့ဆိုပါတယ်။

ဒီလိုအခြေအနေကြောင့် ​ပညာရေးမှာ ​အမျိုးသမီးငယ်တွေဟာ ​ယောကျာင်္းလေးတွေထက်နောက်ကျပြီး ​ကျား၊မ ​တန်းတူရေး ​အခွင့်အရေးရဖို့အတွက် ​ဆုံးရှုံးနေရတယ်လို့ဆိုပါတယ်။

သာမာန်အမျိုးသမီးတစ်ယောက်ဟာ ​သူ့ရဲ့ ​တသက်တာအတွင်း ​ရက်ပေါင်း ​၃၀၀၀ ​ထောင် ​ရာသီလာတဲ့အ တွက် ​ရာသီကာလအတွင်း ​ပုံမှန်လုပ်ငန်းတွေမလုပ်နိုင်ရင် ​နစ်နာဆုံးရှုံးမှုတွေအများကြီးဖြစ်နိုင်ပြီး ​တလမှာ ​အနည်းဆုံး ​၅ ​ရက်လောက် ​ကျောင်းပျက်နေရတဲ့ ​ကျောင်းသူတစ်ယောက်အတွက် ​နစ်နာမှုတွေ ​များပြား လှတယ်လို့ ​ဆိုပါတယ်။

အဲ့ဒါ့အပြင် ​အရွယ်ရောက်သူ ​အမျိုးသမီးအများစုဟာ ​လဟာပြင်မှာ ​ကြင်တွေစွန့်ရမှာကို ​ရှက်ကြတဲ့အတွက် ​ညအချိန်အထိ ​အောင့်ထားပြီးမှသာ ​ကိစ္စကို ​ရှင်းကြပြီး ​အဲဒီအတွက် ​အန္တာရယ်တွေနဲ့ ​ကြုံနေရတယ်လို့လဲ ​သိရပါတယ်။

တချို့အမျိုးသမီးတွေဟာ ​ခြုံဖုတ်ထဲမစင်စွန့်ဖို့အသွားမုဒိမ်းကျင့်ခံရတာတွေ၊ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာပြု ကျင့်ခံရတာတွေလည်း ​ရှိတယ်လို့ဆိုပါတယ်။

ဒီလိုအောင့်အီးထားမှုတွေကနေတဆင့် ​စိတ်ပိုင်းဆိုင်ရာ ​ကျဉ်းကြပ်မှုတွေ၊ ​အိမ်သာမရှိတဲ့အတွက် ​သန့်ရှင်းရေးမလုပ်နိုင်ပဲ ​လူတောမတိုးပဲ ​ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပါးတာတွေ၊ ​ဗိုက်နာတာတွေ၊ ​ဆီးလမ်းကြောင်းအတွင်း ​ရောဂါပိုးဝင်တဲ့အထိ ​ဖြစ်နိုင်ပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​အိန္ဒိယ ​ဝန်ကြီးချုပ် ​Narendra ​Modi ​ကလည်း ​ဝန်ကြီးချုပ် ​တစ်ဦးအနေနဲ့ ​အိမ်သာဆောက်တဲ့ ​အလုပ်ကို ​အချိန်ပေးပြီး ​လုပ်နေတယ်လို့ ​စကားပြန်ကနေတဆင့် ​လွန်ခဲတဲ့ ​နှစ်ရက်က ​ဆစ်ဒနီမြို့မှာ ​ပြောသွားခဲ့ပါတယ်။

အိန္ဒိယ ​ဝန်ကြီးချုပ်ရဲ့ ​ပြောစကားကို ​ဘာသာပြန်က ​ပြောရာမှာတော့ ​ကျနော်ဟာ ​အိမ်သာတွေကို ​ဆောက်နေတဲ့အကြောင်း၊ ​အိန္ဒိယနိုင်ငံ ​ဝန်ကြီးချုပ် ​တစ်ဦးအနေနဲ့ ​အိမ်သာဆောက်တာနဲ့ ​အလုပ်ရှုတ်နေ ရတဲ့အကြောင်း ​ဒီလို ​လုပ်ရတာဟာ ​ကျနော်ရဲ့ ​မိခင်တွေ၊ ​ကျနော့်ရဲ့ ​ညီမ၊ ​အစ်မတွေရဲ့ ​ဂုဏ်သိက္ခာ အတွက်ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​အဲဒီအမျိုးသမီးတွေ ​လဟာပြင်မှာပဲ ​စင်ကြီး ​စင်ငယ်စွန့်နေရတာဟာ ​အိန္ဒိယနိုင်ငံအတွက် ​အရှက်ရစရာ ​ဖြစ်တယ်လို့ ​ပြောသွားခဲ့တာ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ ​လူမှုအထောက်အကူပြုအဖွဲ့အစည်းတွေကနေ ​ရာသီလာရာမှာအသုံးပြုတဲ့ ​အခံတွေပေးဝေ ပြီးနောက် ​အမျိုးသမီးငယ်တွေ ​ကျောင်းပုံမှန်တက်လာနိုင်ကြတာတွေ ​ရှိလာတယ်လို့လည်း ​သိရပါတယ်။

အာရှနိုင်ငံတွေထဲမှာ ​အန္ဒိယနိုင်ငံဟာ ​တော်တော့်ကို ​ခေတ်မှီတိုးတက်တဲ့နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ​၁၀ ​ဦး ​စာရင်းထဲမှာလဲ ​အန္ဒိယနိုင်ငံသား ​၂ ​ယောက်တောင် ​ပါဝင်ပါတယ်။

ဒါပေမဲ့ ​အန္ဒိယနိုင်ငံမှာ ​ချမ်းသာသူက ​အလွန်ချမ်းသာပြီး ​ဆင်းရဲသူက ​အလွန်ဆင်းရဲတဲ့ ​ဥစ္စာပစ္စည်းပိုင်ဆိုင် မူ ​ကွာခြားချက်တွေရှိနေတာမို့ ​သန်းနဲ့ချီတဲ့ ​အန္ဒိယနိုင်ငံသားတွေဟာ ​မစင်စွန့်ဖို့အတွက် ​အိမ်သာတောင် ​မဆောက်နိုင်ကြဘူးလို့ ​ဆိုပါတယ်။

အန္ဒိယနိုင်ငံမှာ ​လူသန်းပေါင်း ​၆၄၀ ​ဟာ ​အမိုးအကာမရှိတဲ့ ​ကွင်းပြင်တွေ ​ရထားလမ်းဘေးတွေမှာ ​အလေး အပေါ့သွားနေရတယ်လို့ ​ပြောပါတယ်။

ကုလသမ္မဂက ​UNESCO ​ရဲ့ ​အစီရင်ခံစာအရ ​ကမ္ဘာပေါ်ကလူတွေ ​အိမ်သာမရှိကြတဲ့အထဲမှာ ​အန္ဒိယနိုင်ငံ သားတွေအများဆုံးပါဝင်ကြောင်း ​ဖော်ပြထားပါတယ်။ ​အိမ်သာမရှိသူ ​စုစုပေါင်းရဲ့ ​တ၀က်ကျောက်ဟာ ​အန္ဒိယနိုင်ငံသားတွေဖြစ်ပြီး ​လူဦးရေသန်းပေါင်း ​၆၄၀ ​နီးပါး ​ရှိပါတယ်။  ​အဲဒီအထဲမှာ ​၆၉ ​% ​က ​ကျေးလက်
တောရွာမှာဖြစ်ပြီး ​မြို့ကြီးမှာတော့ ​လူဦးရေ ​၁၈%ဟာ ​အိမ်သာမရှိတဲ့ ​အခြေအနေမှာ ​နေနေရတယ်လို့ ​ရေးသားထားပါတယ်။

အန္ဒိယနိုင်ငံမှာ ​၂၀၁၅ ​ခုနှစ်မှာ ​မိုဘိုင်း ​လက်ကိုင်ဖုန်းသုံးတဲ့လူတွေဟာ ​သန်းထောင်ချီ ​ရှိမယ်လို့ခန့်မှန်းနေ ကြပေမဲ့ ​အိမ်သာပြသာနာ ​ဖြေရှင်းမူက ​အရမ်းကို ​နှေးကွေးနေသေးတယ်လို့ ​ကုလသမ္မဂရဲ့ ​အစီရင်ခံစာမှာ ​ဖော်ပြထားပါတယ်။

အလားတူ ​မွန်ဂိုးလီးယားနိုင်ငံ ​ကျေးလက်ဒေသမှာလည်း ​အိမ်သာမသုံးတဲ့ ​ပြဿနာနဲ့ ​ရင်ဆိုင်နေရပါတယ်။

မွန်ဂိုးလီးယား ​ပြည်သူတွေဟာ ​ပူနွေးတဲ့ရာသီ ​ဒါမှမဟုတ် ​နှင်းတွေခဲတဲ့ ​ဆောင်းရာသီလို ​အချိန်မျိုးမှာတော့ ​ဓာတ်မီးတွေ ​ကိုင်ပြီး ​အေးခဲနေတဲ့ ​နှင်းတောထဲမှာ ​ကျင်ကြီး ​ကျင်ငယ်ကို ​စွန့်နေကြရတာ ​ဖြစ်ပါတယ်။

အဲဒီလို ​ညစ်ညမ်းမှုကနေ ​ရောဂါတွေ ​ဖြစ်နေရသလို ​အေးခဲတဲ့ ​ရာသီဥတုကြောင့် ​ကလေးငယ်တွေဟာ လည်း ​နှစ်ပါတ်မှ ​တစ်ခါလောက် ​ရေခဲကို ​အနွေးတည်ပြီး ​ရေချိုးကြတဲ့အတွက် ​ညစ်ပတ်လေ့ရှိတယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​သြစတြေးလျနိုင်ငံသား ​တချို့ဟာ ​ကုလသမဂ္ဂနဲ့ ​ပူးပေါင်းပြီး ​အညစ်အကြေး တွေကို ​စနစ်တကျ ​စွန့်ပစ်ကြအောင် ​ပြုလုပ်ပေးပါတယ်။

အဓိကကတော့ ​အေးခဲနေတဲ့ ​ရေတွေကို ​အမြဲတမ်းနွေးနေအောင် ​လုပ်ပေးတဲ့အတွက် ​ကလေးငယ်တွေ ​ပုံမှန် ​ရေချိုးချင်စိတ် ​ရှိလာတာတွေအပြင် ​အိမ်သာတွေအထိ ​ရေတွေ ​ရောက်ရှိနိုင်အောင် ​ပိုက်တွေနဲ့ ​သွယ်တန်းပေးထားတဲ့အတွက် ​ရှက်ကြောက်စရာမလိုပဲ ​စနစ်တကျ ​အိမ်သာတက်နိုင်လာကြပါတယ်။

ဒါပေမဲ့ ​မွန်ဂိုးလီးယား ​အစိုးရကိုယ်တိုင် ​ဦးဆောင်လုပ်ဆောင်ပေးမှသာ ​ကျင်ကြီး ​ကျင်ငယ်တွေကို ​စနစ်တကျ ​စွန့်ပစ်ကြမယ့် ​အနေအထား ​ရှိနေတယ်လို့လည်း ​သိရပါတယ်။ 

ABC

No comments:

Post a Comment

My Blog List