Friday, November 21, 2014

အမျိုးသမီး ရဲအရာရှိလောင်း များကို အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ကိုယ်ကျင့်တရားကို တိုင်းတာ အတည်ပြုရန်ဟု အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောကြား


အမျိုးသမီး ရဲအရာရှိလောင်းများ၏ ကာယကြံ့ခိုင်မှု အပြင် ၎င်းတို့၏ ကိုယ်ကျင့် တရားကို တိုင်းတာ စစ်ဆေးရန် အတွက် အပျိုစစ်မစစ် စစ်ဆေးခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က အတည်ပြု ပြောကြား လိုက်သည်။ ရဲတပ်ဖွဲ့ ဆေးရုံများတွင် အမျိုးသမီးဆရာဝန်များနှင့်သာပြုလုပ်သည့် အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ရဲတပ်ဖွဲ့၏ စံဖြစ်သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ ဥပဒေဋ္ဌာနခွဲ အကြီးအကဲ စစ်ဆေးရေးမှူးချုပ် မိုအက်ခ်ျဂျီယာတိုက နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြား ခဲ့သည်။


 “ဒီလုပ်ငန်းစဉ် လုပ်နေတာ ကြာပါပြီ။ အပျိုစစ်မစစ် စစ်ဆေးခြင်း အားဖြင့် အရာရှိလောင်းတွေရဲ့ အရည်အသွေးကို စစ်ဆေးဖို့ လိုပါတယ်"ဟု မိုအက်ခ်ျဂျီယာတိုက တောင်ဂျာကာတာ၊ ကူနင်ဂန်တွင် သတင်းထောက်များကို ပြောကြားခဲ့ သည်။

ရဲအရှိလောင်း တစ်ဦးသည် ပြည့်တန်ဆာ ဖြစ်နေသည်ကိုစစ်ဆေးတွေ့ရှိရပါက လက်ခံနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ သည်။


ယင်းသို့ စစ်ဆေးမှုသည် အမျိုးသမီးများအား နှိမ်ချဆက်ဆံမှုဖြစ်သည်ဟု လူ့အခွင့်အရေးလှုံ့ဆော်သူများက ပြင်းထန်စွာဝေ ဖန် လျက်ရှိသည်။

Ref: Jakata Post
Mizzima - News in Burmese

No comments:

Post a Comment

My Blog List