Saturday, November 22, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံး သီးသန့် တွေ့ဆုံမေးမြန်းခန်း (သတင်းဓါတ်ပုံများ)






လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၄၃၆) နဲ့ (၅၉)(စ) အပါအ၀င် ပြုပြင် ရေးကိစ္စတွေမှာ တပ်မတော်အနေနဲ့ မပြုပြင်ရေးဖက်ကရပ်တည်ခဲ့ရတဲ့အကြောင်းရင်းတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံး သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းလင်းပြောကြား ခဲ့ပါတယ်။ 
NLD နဲ့ ၈၈ ပွင့်လင်းမျိုးဆက်ကနေ ကောက်ယူပြီး လွှတ်တော်ကို တင်ပြခဲ့တဲ့ ပုဒ်မ(၄၃၆) ပြင်ဆင်ရေးလူထုဆန္ဒလတ်မှတ် (၅)သန်းကိစ္စနဲ့ ပတ်သတ် လို့လည်း တပ်မတော်အနေနဲ့ ကျန်ရှိနေသေးတဲ့ လူထုဆန္ဒတွေကို စောင့်ကြည့်လေ့လာဦး မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ပြောကြားနေတဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေးကိစ္စ မှာတော့ လူအများကို ကိုယ်စားပြု ဆွေးနွေးရင် ပိုပြီးသင့်တော်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗွီအိုအေ မြန်မာ ဌာနမှုး ဦးသန်းလွင်ထွန်း က ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံမေးမြန်း ထားပါတယ်။

VOA

No comments:

Post a Comment

My Blog List