Thursday, November 20, 2014

ပုဒ်မ ၅၉(စ) ပြင်ဆင်ဖို့ စဉ်းစားတာ ဒေါ်အောင်ဆန်းစုကြည် အတွက်မဟုတ်ဟု သူရဦးရွှေမန်းဆို


၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းမှ  ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် အစီအစဉ်ရှိသော်လည်း ယင်းသို့ ပြင်ဆင်ခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ပြောကြား လိုက်သည်။

နေပြည်တော် ပြည်သူ့လွှတ်တော်အဆောက်အဦး အဆောင်(C) ဒုတိယထပ်၌ နိုဝင်ဘာလ၁၈ရက်နေ့ နေ့ လည် ၁၂ နာရီက ပြုလုပ်သည့် သတင်းမီဒီယာ များနှင့် တွေ့ဆုံပွဲတွင် လွှတ်တော်နာယကကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

" ၅၉(စ) ကိုလည်း ပြင်မယ်လို့ စဉ်းစားပါတယ်။ သို့သော် ဒါဟာဒေါ်အောင် ဆန်းစုကြည်ကြောင့်၊ သူ အတွက် မဟုတ်ပါဘူး။ နိုင်ငံအတွင်းမှာနေထိုင်တဲ့ နိုင်ငံသားတိုင်းရဲ့ မူလရပိုင်ခွင့် အခွင့်အရေးတွေ ရရှိစေချင်လို့ ဖြစ်ပါ တယ်။" ဟု သူရဦးရွှေမန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ၅၉(စ)သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် အား သမ္မတအဖြစ်တင်မြှောက်ခွင့် မရစေရန် ပြဌာန်းထားသည်ဟု NLD နှင့် အတိုက်အခံ အင်အားစုများက ဝေဖန်ခဲ့ကြပြီး ထိုပုဒ်မကို ပြင်ဆင်ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကြိုး ပမ်းလျှက်ရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားဆောင်ရွက်ရာတွင် ပုဒ်ပ ၄၃၆ အရ လွှတ်တော်ကိုယ်စားလှယ် များ၏ ၇၅ ရာခိုင်းနှုန်းကျော်၏ သဘောတူလက်ခံပြီးနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးပိုင်ခွင့် ရှိသူ၏ ထက်ဝက်ကျော်ကထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

"သူ့အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဖို့ကိစ္စဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့အခွင့်အရေးရဖို့လို့ ပြောလာတာကိုတော့ ကျွန် တော့အနေနဲ့ကြိုဆိုထောက်ခံပါတယ်။ ဒါပေမဲ့ နိုင်ငံရေးစကားပြောရင် ဥပဒေကနောက်က ပါလာရ ပါမယ်။ ဥပဒေစကားပြောရင် နိုင်ငံရေးစကားက နောက်ကပါလာမှရမယ်" ဟု ဥပဒေပြုရေးမဏ္ဍိုင်၏ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦး ဖြစ်သည့်အပြင်

လက်ရှိအနိုင်ရပါတီဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် သူရဦးရွှေမန်း၏ စကားအပေါ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၅၉(စ)တွင် ပြဌာန်းပါရှိချက်အရ မိမိအပါအ၀င် မိမိ၏ မိဘ၊ ဇနီး (သို့ မဟုတ်) ခင်ပွန်း၊ တရားဝင် သားသမီး၊ထိုသားသမီး၏ ဇနီး(သို့မဟုတ်) ခင်ပွန်း တို့သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများနိုင်ငံတော်၏ သမ္မတအဖြစ် ခံစားခွင့် မရရှိဟု ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ၂၀၁၄ခုနှစ် အတွင်း ပူးပေါင်း၍ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး စည်းရုံးဟောပြောမှုများပြုလုပ်ကာ ပြည်သူလူထု ၏ ဆန္ဒသဘောထား ကောက်ခံမှုများလုပ်ဆောင်ခဲ့ရာ ပြည်သူ ၅ သန်း ကျော်က ပြင်ဆင်ရန် သဘော တူကြောင်း လက်မှတ်ရေးထိုး ထောက်ခံခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List