Friday, November 21, 2014

ဘာသာရေးခေါင်းဆောင် ရသေ့ကို လူသတ်မှုဖြင့် အိန္ဒိယရဲ ဖမ်းဆီး



အိန္ဒိယရဲတွေက လူသတ်မှုနဲ့အဖမ်းခံဖို့ ငြင်းဆန်နေတဲ့ ဘာသာရေးခေါင်း ဆောင်ဆိုသူ အသက် ၆၃ နှစ်အရွယ် ရမ်ပယ်လ် မဟာရတ်ဂ်ျကို သူ့ရသေ့ကျောင်းထဲမှာ မီးသတ်ပိုက်တွေနဲ့ ရာဘာကျည်ဆန်တွေကိုသုံးပြီး နိုဝင်ဘာ ၁၉ ရက်နေ့က စီးနင်းဖမ်းဆီးခဲ့ရပါတယ်။
ဒီရသေ့ကို လူသတ်ဖို့ကြိုးစားမှု၊ အဓိကရုဏ်းဖန်တီးမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေနဲ့ဖမ်းပြီး တရားစွဲထားပြီလို့ ဟာယနပြည်နယ်အစိုးရ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

သူတို့ဆန္ဒမပါဘဲ အနေခိုင်းခံရသူ အများအပြားပါတဲ့ သူ့နောက်လိုက် အယောက် ၁ သောင်းလောက်ကို နေရာရွှေ့ခိုင်းအပြီး အလောင်း ၆ လောင်းကို ရှာတွေ့ခဲ့တာပါ။

အမျိုးသမီးအလောင်း ၅ လောင်းနဲ့ မွေးကင်းစကလေးအလောင်းတွေမှာ ဘယ်လိုဒဏ် ရာကိုမှ မတွေ့သလို သူတို့အလောင်းတွေကို ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ရဲက ပြောပါတယ်။

၂၀၀၆ ခုနှစ်က ဒီရသေ့ဟာ သူ့နောက်လိုက်တွေကို ရွာသားတွေဆီ သေနတ်နဲ့ပစ်ခိုင်းခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ စွပ်စွဲခံထားရပါတယ်။

သူ့ကိုဖမ်းဖို့ တရားသူကြီးက အမိန့်ထုတ်အပြီး ကျန်ခဲ့တဲ့ သီတင်းပတ်က တင်းမာမှုတွေ မြင့်လာတာပါ။ သူဟာ တရားရုံးက ဆင့်ခေါ်မှုအကြိမ် ၄၀ ကျော်ကို လျစ်လျူရှုခဲ့ပါတယ်။

ရမ်ပယ်လ်ဟာ ၁၅ ရာစုနှစ်က ကဗျာဆရာနဲ့ အသိဉာဏ်ထူးရှင် ကာဘီရ်ကို ကိုးကွယ်တဲ့ ဘာသာရေးအုပ်စုကို ခေါင်းဆောင်သူ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List