Friday, November 21, 2014

ရိုဟင်ဂျာဟု ဘန်ကီမွန်းသုံးနှုန်းခြင်းအပေါ် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် နိုဝင်ဘာ ၂၃ ၌ ဆန္ဒပြမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဟုသုံးနှုန်းခဲ့မှုအပေါ် ကန့်ကွက် ဆန္ဒဖော် ထုတ်ပွဲများကို နိုဝင်ဘာ ၂၃ ရက်တွင် ရခိုင်ပြည်နယ်မြို့နယ်အနှံ့အပြား၌ တစ်ပြိုင်တည်း ပြုလုပ်သွား မည်ဖြစ် ကြောင်းသတင်း ရရှိသည်။

စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ ဘူးသီး တောင်၊ မောင်တော စသည့်မြို့ နယ်များ၌ ကန့်ကွက် ဆန္ဒဖော် ထုတ်ပွဲများကို ပြုလုပ်သွားမည် ဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း ဆက်လက်ပြု လုပ်သွားမည်ဟု ဒေသခံများ ကပြောသည်။

‘‘ဘန်ကီမွန်းရဲ့ပြောဆိုမှု တွေကြောင့် တည်ငြိမ်နေတဲ့ ရခိုင် အ ရေးမှာ ပြဿနာတွေဖြစ်သွားနိုင်တယ်။ ဒါကြောင့် သူ့ကိုကန့် ကွက်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ် မှာ’’ဟု စစ်တွေမြို့မိမြို့ဖဦးသန်း ထွန်းကပြောသည်။

မစ္စတာ ဘန်ကီမွန်းက အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း ရိုဟင်ဂျာဟုသာဆက်လက်သုံးနှုန်း မည်ဟု ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုလွှတ် တော်၊ ရခိုင်ပြည်နယ်လွှတ်တော်အပါအဝင် နိုင်ငံရေး ပါတီအချို့ကလည်း ကန့်ကွက်ထားသည်


7Day Daily

No comments:

Post a Comment

My Blog List