Thursday, November 20, 2014

ဘီကနီ ၀တ်စုံဝတ်ရဲဖို့ ယုံကြည်မှုရှိဖို့လိုဟု ၀ိုင်းလေးဆို



ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရဲသည့် ယုံကြည်မှုရရှိရန် ကြိုးစားလေ့ကျင့် ထားကြောင်း နိုဝင်ဘာ၂၀ ရက်နေ့မှ ဒီဇင်ဘာ၂၀ ရက်နေ့အထိ ကျင်းပမည့် Miss Worldပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် Miss Myanmar World 2014 ဆုရှင် ၀ိုင်းလေးက ပြောသည်။
“ဘီကနီနဲ့ ပတ်သတ်ပြီးတော့ ညီမအနေနဲ့ ယုံကြည်မူရှိအောင် တော်တော် လေးကြိုးစားရပါတယ်။ တစ်ခြား နိုင်ငံတွေမှာ ဆိုရင် Miss ပြိုင်ပွဲတွေအတွက် သီးသန့် ဘီကနီနဲ့ ယှဉ်ပြိုင်ဖို့ကို လေ့ကျင့်ပေးတာတွေ ရှိပေမယ့် မြန်မာနိုင်ငံမှာက မရှိ သေးဘူး။ ဒါပေမယ့် Miss World ရဲ့ထူးခြားချက်ကတော့ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုနဲ့ မကိုက်ညီရင် 2 Piece နဲ့တင် မဟုတ်ဘဲ ပိတ်စလိုမျိုးနဲ့ကာပြီးဝတ်လို့လည်း ရတယ်။” ဟု ၀ိုင်းလေးကပြောသည်။

အင်္ဂလန်နိုင်ငံတွင် ကျင်းပမည့် Miss Myanmar World 2014 တွင် ၀င်ရောက်ယှဉ်ပြိုင်ရာတွင် အွန်လိုင်းမှ မဲပေးစနစ် လည်း ပါဝင်မည် ဖြစ်သောကြောင့် မြန်မာပရိတ်သတ်များ အားပေးရန် မျှော်လင့်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

“ပြိုင်ပွဲဝင်ဖို့အတွက် အများကြီး ပြင်ဆင်ထားရတယ်။တစ်ယောက်ထဲ သွားရ မယ်ဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မူရှိ အောင်အရင်ဆုံးကြိုးစားရတယ်။ ဒီပြိုင်ပွဲဟာ ကမ္ဘာဒုတိယစိတ်ဝင်စားခံရမူလည်းဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစား သွားမှာပါ” ဟု Miss World 2014 သွားရောက်ယှဉ်ပြိုင်မည့် ၀ိုင်းလေး က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်း Miss World ပြိုင်ပွဲအား ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၀ိုင်းလေး အနေဖြင့် တစ်ဦး တည်းသွားရောက်ယှဉ်ပြိုင်ရန် အစစအရာရာ ပြင်ဆင်ထားကြောင်း သိရသည်။

“တခြား ပြိုင်ပွဲဝင်တွေနဲ့ ရင်းနှီးမှုရှိအောင် ဘာသာစကားတွေလည်း လေ့ကျင့်ထားရတယ်။ သွားရောက် ယှဉ် ပြိုင်မယ့် နိုင်ငံကလည်း ရာသီဥတုက အရမ်းအေးတော့ အ၀တ်အထည်၊ အလှပြင်တာကအစ အကုန်လုံး ကိုယ့်ဘာသာကိုယ်ပဲ တာဝန်ယူလေ့ကျင့်ရတယ်။ ဒီဇိုင်နာတွေက ချုပ်ပေးတဲ့ အထည် ၁၃ ထည်ရယ်၊ နောက်ကျန်တာတွေ စုစုပေါင်း အ၀တ် အစား အစုံ(၃၀)လောက်နဲ့ ပြိုင်မှာပါ။ ဒါ့အပြင် စန္ဒယား ၃ မိနစ်စာတွေလည်း လေ့ကျင့်ထားတယ်။ အကလည်း လေ့ကျင့် ထားတယ်။” ဟု ၀ိုင်းလေးက ပြောသည်။

Miss World 2014 အား နိုဝင်ဘာလ၂၀ရက်မှ ဒီဇင်ဘာလ၂၀ရက်နေ့အထိ အင်္ဂလန်နိုင်ငံမှတွင်ကျင်းပသွား ဖြစ်ပြီး ထိုပြိုင်ပွဲသည် ၁၉၅၁ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း (၁၃၀)မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List