Saturday, November 22, 2014

နှင်းမုန်တိုင်းကြောင့် နေအိမ်အတွင်း လေးရက်ကြာ ပိတ်မိနေသူ လွတ်မြောက်လာ


အမေရိကန် ပြည်ထောင်စု အမျိုးသား စောင့်ရှောက်ရေး များသည် နယူးယော့ခ် ပြည်နယ်၊ ဘတ်ဖဲလိုး မြို့ရှိ နေအိမ် တစ်လုံးအတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြင်းထန်စွာ တိုက်ခတ်ခဲ့သည့် နှင်းမုန်တိုင်းကြောင့် ပိတ်မိ နေခဲ့သည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

အဆိုပါ အမျိုးသားသည် နေအိမ်အတွင်း လေးရက်ကြာ ပိတ်မိနေခဲ့ခြင်း ဖြစ်ပြီး အမျိုးသား စောင့်ရှောက်ရေး ၀န်ထမ်းများက အိမ်အပြင်တွင် ရှိနေသည့် နှင်းများကို ဖယ်ထုတ်ပေးကာ ၎င်း အပြင်ထွက်နိုင် စေရန် ကူညီပေး ခဲ့ရသည်။ နှင်းများ ပြင်းထန်စွာ ရုတ်ချည်း ကျရောက်မှုကြောင့် သုံးရက်တာ ကာလအတွင်း လမ်းများပေါ် တွင် နှင်းထု ၇ ပေခန့် အထိ ဖုံးသွားခဲ့ပြီး လူရာပေါင်း များစွာမှာ အိမ်များ၊ ကားများအတွင်း ပိတ်မိ ခဲ့ကြသည်။

“နှင်းတွေ ကျလာပြီးတဲ့နောက် ကျွန်တော့် အိမ်တံခါးရှေ့မှာ နှင်းတွေ ပိတ်သွားခဲ့ပြီး တံခါးကို ဖွင့်လို့ မရတော့ဘူးဗျ”ဟု အိမ်အတွင်း ပိတ်မိနေ ခဲ့သူ ဂယ်ရီလက်စတန်က ပြောသည်။ “အမိုးတွေ အပေါ်မှာ လည်း နှင်းတွေ ဖုံးနေခဲ့ပြီး ပြူတင်းပေါက်တွေ ကိုတောင် နှင်းတွေ ပိတ်သွားခဲ့တယ်”ဟု ဂယ်ရီက ဆက် လက် ပြောခဲ့သည်။

ဂယ်ရီအနေဖြင့် အိမ်အတွင်းမှ ထွက်၍ ရနိုင်စေရန် မိတ်ဆွေများထံ ဖုန်းဆက် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ဟု ဆိုသည်။ သို့သော် အမျိုးသား ကာကွယ်ရေး ၀န်ထမ်းများကို တွေ့ရှိခဲ့ သောကြောင့် အော်ဟစ် လှမ်းခေါ်ကာ အိမ်တံခါး ဖွင့်နိုင်စေရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အရှေ့မြောက်ပိုင်း ဒေသတွင် ယခုတစ်ပတ် အစောပိုင်းက စတင်ကာ ၀င်ရောက်တိုက်ခတ် ခဲ့သော နှင်းမုန်တိုင်းကြောင့် လမ်းများ၊ အဆောက်အဦများ အားလုံး နှင်းလွှာများအောက် ရောက်သွားခဲ့ရပြီး နေရာတိုင်းတွင် နှင်းထုက ၇ ပေခန့်အထိ ရှိခဲ့သည်။ 

ယင်းနှင်းမုန်တိုင်းကြောင့် သေဆုံးသူ များလည်း ရှိခဲ့ပြီး လက်ရှိ အချိန်ထိ သေဆုံးသူ ၁၃ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး တွေ့ရှိရသည့် သေဆုံးသူမှာ အသက် ၅၀ အရွယ် အမျိုးသားကြီး တစ်ဦးဖြစ်ပြီး သူ၏ ကားအတွင်း ပိတ်မိကာ သေဆုံးနေ ခဲ့ခြင်း ဖြစ်သည်။

Ref: BBC
Mizzima - News in Burmese

No comments:

Post a Comment

My Blog List