Thursday, November 20, 2014

အလှူသဒ္ဒါတရား အထက်သန်ဆုံး မြန်မာနိုင်ငံ ထိပ်တန်းစာရင်းဝင်


ဗြိတိန်အခြေစိုက် ချို့ငဲ့သူများ အကူအညီပေးရေး CAD ဖောင်ဒေးရှင်းရဲ့ ကမ္ဘာတ၀ှမ်းလေ့လာကောက်ယူတဲ့ စစ်တမ်းအရ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကမ္ဘာပေါ်မှာ အလှူသဒ္ဒါတရား အထက်သန်ဆုံး ထိပ်တန်းစာရင်းဝင်နိုင်ငံတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်၊ သြစတြေးလျ၊ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စု တို့ဟာ အလှူသဒ္ဒါစိတ် အထက်သန်ဆုံး နံပါတ်-၁ စာရင်းဝင်နိုင်ငံတွေဖြစ် တယ်လို့ CAD အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းက အဆင့် ၂၁၊ အင်ဒိုနီးရှားကအဆင့် ၁၃ နဲ့ ဖိလစ်ပိုင်က အဆင့် ၃၀ မှာရှိတယ် လို့လည်း သိရပါတယ်။

ကမ္ဘာပေါ်မှာ အလှူသဒ္ဒါစိတ်အနည်းပါးဆုံးနိုင်ငံတွေကတော့ ယေမင်၊ ဗင်နီဇွဲလား၊ ပါလက်စတိုင်း၊ အီကွေဒေါ၊ တရုတ်၊ ရုရှား၊ ခရိုအေးရှားနဲ့ ဘူဂေးရီးယားနိုင်ငံတွေ ဖြစ်တယ်လို့လည်း CAD ဖောင်ဒေးရှင်းရဲ့ စစ်တမ်းအရ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List