Saturday, November 22, 2014

ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်ပါ


ဗဟိုနဲ့ ပြည်နယ်တိုင်းအစိုးရတွေကြား အာဏာခွဲဝေမှု ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေကပဲ ရွေးကောက်တင်မြှောက်ဖို့ ဖွဲ့စည်းပုံမှာ ပြင်ဆင်ရေးဟာ ပြည်ထောင်စုစနစ်အတွက် အရေးကြီးတယ်လို့ ကျားဖြူပါတီက နိုဝင်ဘာ ၂ဝမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတက သူ့စိတ်ကြိုက်ရွေးချယ် ခန့်အပ်နေတာကြောင့် ဗဟိုချုပ်ကိုင်မှု အားသန်စေပြီး ပြည်နယ်တိုင်းက ပြည်သူတွေက ဝန်ကြီးချုပ်ကို မကြိုက်လို့ ကန့်ကွက်မယ် ဆိုရင်တောင် ကန့်ကွက်ခွင့်မရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ စိုင်းသီဟကျော်က ပြောပါတယ်။ ဗဟိုနဲ့ ပြည်နယ်တိုင်း အုပ်ချုပ်မှု သီးခြားစီဖြစ်လာဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့ကို ဖွဲ့တဲ့အခါမှာလည်း ဝန်ကြီးချုပ်ရဲ့စိတ်ကြိုက် လူတွေနဲ့ပဲဖွဲ့ဖို့လိုပြီး ပြည်နယ် တိုင်း အမတ်တွေထဲက ခန့်မယ်ဆိုရင်လည်း လွှတ်တော်အတည်ပြုချက်နဲ့ ခန့်နိုင်မယ်ဆိုရင် တိုင်းရင်းသား တွေ မျှော်မှန်းတဲ့ ပြည်နယ်နဲ့ဗဟို အာဏာခွဲဝေမှုမှာ ထိုက်သင့်သလောက် အဆင်ပြေလာမယ်လို့ ပြောပါ တယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD ပါတီက ပုဒ်မ ၄၃၆ ကိုဦးစားပေး ပြင်ဆင်ဖို့ စိုင်းပြင်းလာချိန်မှာ တိုင်းရင်းသား ပါတီတွေကလည်း အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးဆိုင်ရာ ဖယ်ဒရယ်ပြည်ထောင်စုပုံသဏ္ဍန် ပီပြင်လာဖို့ ပြင်ဆင်ရမယ့်အချက်တွေကိုလည်း ဦးစားပေးလာနေကြပါတယ်။

တိုင်းရင်းသားဒေသအသီးသီးက ဘာသာစကားအသီးသီးကို အသိအမှတ်ပြုပြီး ရုံးသုံးဘာသားစကား မြန်မာစာအပြင် ဒုတိယရုံးသုံးစကားကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားအလိုက် ခွင့်ပြု ပေးသင့်တဲ့အကြောင်း၊ လူမျိုးအသီးသီးရဲ့ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်း အမွေအနှစ်တွေ ဖွံ့ဖြိုးရေး။ ကိုယ့် ကြမ္မာကိုယ် ဖန်တီးခွင့်တွေရရှိရေး လွတ်လပ်စွာ ပြောဆို၊ ရေးသား။ ဖန်တီးဖော်ထုတ်ခွင့်ကို ဥပဒေနဲ့ ပြဌာန်းကာကွယ်ပေးရမယ်လို့ ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment

My Blog List