Saturday, November 22, 2014

အသေခံ ဗုံးခွဲခံရမှုကြောင့် သေဆုံးခဲ့သော တက္ကသိုလ် ကျောင်းသူ၏ အမည်ဖြင့် ပညာသင်ဆု ပေးရန် အာဖဂန်တွင် စည်းရုံးလှုံ့ဆော်



နိုဝင်ဘာ ၁၆ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့သော အာဖဂန်အမျိုးသမီးငယ်တစ်ဦးမှာ ၎င်း၏ အမည် ဖြင့် ကျောင်းသူ ပညာသင်ဆု ပေးရေး ဖြစ်ပေါ်လာရန် စည်းရုံး လှုံ့ဆော်မှု၏ အဓိက အာရုံစိုက်စရာ ဖြစ်လာသည်။ အမျိုး သမီးအမတ် ရှပ်ခရီယာ ဘာရက်ဇိုင်းအား သတ်ဖြတ်ရန် ကြိုးပမ်းသည့် မအောင်မြင်သော အသေခံဗုံးခွဲသမား၏ တိုက်ခိုက် မှုကြောင့် ကဘူးလ် တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သည့် ကပ်ဒ်ရှားမှာ သေဆုံးသွား ခဲ့သည်။ ကပ်ဒ်ရှား၏ ဓါတ်ပုံများ လူမှုရေး မီဒီယာများတွင် ပျံ့နှံ့ခဲ့ပြီး အမျိုးသမီး ကျောင်းသူများ အတွက် ပညာသင်ဆု ခြောက်ဆု ပေးရန် လှုံ့ဆော်မှုများ ထွက်ပေါ် လာခဲ့သည်။
အာဖဂန်တွင် တိုက်ခိုက်မှုများကြောင့် နှစ်စဉ် ရာပေါင်းများစွာသေဆုံးလျက် ရှိသည်။ သို့သော် ယခုကဲ့သို့ တုံ့ပြန်မှုမှာ ရှားပါးသည်။ 



ကပ်ဒ်ရှားသည် လူများစွာ သေဆုံးခြင်း အမှတ် သင်္ကေတ ဖြစ်သည်။ အသက် ၂၁ နှစ် အရွယ် ကပ်ဒ်ရှားသည် တနင်္ဂနွေ နေ့က ဗလီသို့ သွားရောက်စဉ် အသေခံဗုံးခွဲသမား၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ ခဲ့ရသည်။ ပစ်မှတ်ထား တိုက်ခိုက် ခံရသည့် အမျိုးသမီး အမတ်မှာ ဒဏ်ရာသာ ရရှိခဲ့သည်။ ယင်းတိုက်ခိုက် မှုက နိုင်ငံတကာ မီဒီယာ များကို ဆွဲဆောင်နိုင်ခဲ့ ခြင်းမှာ အမျိုးသမီး အမတ်မှာ ထင်ရှား ကျော်ကြား သောကြောင့် ဖြစ်သည်။

တိုက်ခိုက်မှုြုဖစ်ပြီး နာရီပိုင်း အကြာတွင် ကပ်ဒ်ရှား၏ ဓါတ်ပုံ တစ်ခုမှာ အာဖဂန် လူမှုရေး မီဒီယာတွင် စတင် ရောက်ရှိခဲ့ပြီး မကြာမီ ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပြီး အချိန် အတော်ကြာသည်အထိ စိတ်ပညာ ကျောင်းသူ ကပ်ဒ်ရှား ၏ သွေးများမှာ လမ်းပေါ်တွင် ရှိနေခဲ့သည့်အတွက် လူအများက ဒေါသထွက် ခဲ့ကြသည်။

Ref: BBC
Mizzima - News in Burmese

No comments:

Post a Comment

My Blog List