Friday, November 21, 2014

KIA ဗိုလ်လောင်းသင်တန်း လက်နက်ကြီး ထိမှန်သေဆုံးမှုမှာ TNLAနဲ့ AA တို့မှ အများဆုံးဖြစ်







နိုဝင်္ဘာလ ၁၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗိုလ်လောင်းသင်တန်း အတွင်း အစိုးရ စစ်တပ်က ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးစုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။ 

အဲဒီပစ်ခတ်မှုမှာ KIA ဗိုလ်လောင်းသင်တန်းကျောင်းကို တက်ရောက်နေကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေထဲက ဗိုလ်လောင်း သေဆုံးမှုမှာ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ၁၁ ဦးပါဝင်သွားပြီး အများဆုံး ဖြစ်တယ်လို့သိရပါတယ်။ 

ဒုတိယ အများဆုံးကတော့ ရက္ခိုင့်တပ်မတော် (AA) က အများဆုံး အဖြစ် ၈ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ၂ ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) က ၂ ဦးပါဝင်ကြောင်း သက်ဆိုင်ရာ တပ်မတော်တွေက ထုတ်ပြန်ထားပါတယ်။ 

ဧရာဝတီ

No comments:

Post a Comment

My Blog List