Friday, November 21, 2014

ကာကွယ်ရေးဦးစီးချုပ်နဲ့ စာနယ်ဇင်းကောင်စီ ဒုတိယအကြိမ် တွေ့ဆုံမည်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် တွေဟာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အကြောင်းကြားတာဖြစ်ပြီး ဘာကြောင့်တွေ့ဆုံမယ်ဆိုတာ အသေးစိတ်မပါကြောင်း မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။
"ကာချုပ်က တွေ့မယ်လို့ လှမ်းပြောတာပေါ့နော်၊ ဘာကြောင့် တွေ့ချင်လဲဆိုတာလည်း မပြောဘူး၊ တပ်နဲ့တွေ့လို့ရှိရင် ဒါထုံးစံပေါ့၊ မီဒီယာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြမှာပါ၊ မီဒီယာကိစ္စနဲ့ပဲ ပြောကြဆိုကြမှာများတယ်၊ သတင်း ထုတ်ပြန်ရေးကိစ္စ၊ သတင်းရယူရေးကိစ္စ၊ ဒါမျိုးတွေပဲ ပြောကြ တာာများတယ်လေ၊ လိုအပ်တဲ့အခါမှာ အရေးပေါ်နေ့မျိုးမှာ သတင်းစာရှင်း လင်းပွဲလုပ်တာမျိုး ဒါမျိုးတွေလည်း ဆွေးနွေးကောင်းဆွေးနွေးမှာပါ"

ပြီးခဲ့တဲ့ အောက်တိုဘာလက ကာကွယ်ရေးဦးစီးချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က တပ်မတော်ရဲ့ သတင်း အချက်အလက်တွေကို သတင်းမီဒီယာတွေရယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြ ပါတယ်။

အဲဒီတွေ့ဆုံမှုအပြီးမှာ တပ်မတော်ဘက်က သတင်းတွေနဲ့ပတ်သက်ပြီး ပြောရေး ဆိုခွင့်ရှိသူ တပ်မတော်အရာရှိ သုံးဦးကို တာဝန်ပေးအပ်ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List