ဂျာမနီနှင့်ပိုလန်နိုင်ငံတို့က ရုရှားသံတမန်အချို့အား နိုင်ငံမှထွက်ခွာရန် ညွှန်ကြားလိုက်ပြီးနောက်တွင် ရုရှား
နိုင်ငံကလည်း ဂျာမနီနှင့်ပိုလန်သံတမန်များစွာကို နှင်ထုတ်လိုက်ကြောင်း သိရသည်။ သံတမန်များအား တနင်္လာနေ့မှစတင်၍ နှင်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားအစိုးရသတင်း ဌာန အင်တာဖက်စ်က ထုတ်ပြန်ပြောဆိုလိုက်သည်။
မိမိတို့အနေဖြင့် ဂျာမနီနှင့်ပိုလန်တို့မှ ရုရှားသံတမန်များ နှင်ထုတ်ခံရမှုအပေါ် ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်
ကြောင်း ရုရှားအာဏာပိုင်များက ဆိုသည်။ ပိုလန်သံတမန်များအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာနှင့်ကိုက်ညီမှု မရှိသော လုပ်ရပ်များတွင် ပါဝင်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
အခြားသော အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်း ပြောဆိုခြင်းမရှိပေ။ဂျာမနီနှင့်ပိုလန်နိုင်ငံတို့ကလည်း ၄င်းတို့အနေဖြင့် ရုရှားသံတမန်များအား ပြန်လည် နှင်ထုတ်ခဲ့ကြောင်းကို ရှင်းလင်းပြောဆိုခြင်းမရှိပေ။ ရုရှားနှင့်အနောက်ဥရောပနိုင်ငံများသည် လက်ရှိအချိန် တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆိုးဆိုးရွားရွား တင်းမာမှုများ ပေါ်ပေါက်လျက်ရှိသည်။
Ref:NHK
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment