Thursday, November 20, 2014

KIO ဌာနချုပ်ကို လက်နက်ကြီးနဲ့ပစ်ခတ်၊ ဗိုလ်လောင်း၂၀ ကျော်သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ


တရုတ် မြန်မာနယ်စပ်အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ထဲက ကေအိုင်အေ ဗိုလ်လောင်းစစ် သင်တန်းကျောင်းထဲကို ဒီနေ့ နေ့လည်က လက်နက်ကြီးကျရောက်တာကြောင့် သင်တန်းသားဗိုလ်လောင်း ၂၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။

အဲ့ဒီအနီးက ခါရာတောင်မှာ အခြေစိုက်တဲ့ အစိုးရတပ်ဖက်က ပစ်ခတ်တာလို့ ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

"အချိန်ကတော့ ၁၂ နာရီ မိနစ် ၂၀ မှာ ခါရာတောင်ကနေပြီးတော့မှ လတ်နက်ကြီးနဲ့ လှမ်းပစ်တာပေါ့လေ၊ အဲ့ဒီမှာ ခါရာတောင်မှာထိုင်နေတဲ့ စစ်တပ်ပေါ့၊ လှမ်းပစ်တဲ့အခါကျတော့ KIA ရဲ့ ဗိုလ်လောင်းသင်တန်း ကျောင်းမှာ သူတို့စုဝေတဲ့နေရာမှာ လာကျလို့ အဲ့ဒီမှာ သူတို့နဲ့လူ ၂၀ ဦးသေပြီးတော့ ၁၅ ဦး ဒဏ်ရာရသွား တယ် သိရတယ်ဗျ၊ ကျနော်တို့ဘက်ကို အကြောင်းကြားလာတယ်၊ ကျနော်တို့ ပဋိပက္ခငြိမ်းချမ်းရေးအဖွဲ့ကို တင်ပြခိုင်းတယ်၊ န.ပ.ခ တိုင်းကို တင်ပြခိုင်းတယ်"

ဒဏ်ရာရရှိသူ ၁၆ ဦးက လိုင်ဇာမြို့ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

ကေအိုင်အေက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List