Wednesday, November 19, 2014

တပ်မတော်သား အမတ် ဆက်ထားသင့်ဟု ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်တွင် ဆွေးနွေး


လွှတ်တော်တွင် တပ်မတော်သား အမတ်များ ဝင်ရောက် နေရာယူထားခြင်းသည် ဒီမိုကရေစီ စံချိန်စံညွှန်နှင့် မကိုက်ညီဟု အများက ဝေဖန်နေချိန် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဆက်ထားသင့်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ပြည်ထောင်စု လွှတ်တော်တွင် နိုဝင်ဘာ ၁၈ ရက်က ဆွေးနွေးသည်။

“တပ်ကို ၂၅ ရာခိုင်နှုန်းလောက်မှ မထားသင့်ဘူးဆိုရင်လည်း နောက်လွှတ် တော်သက်တမ်းတွေမှာတ ဖြည်းဖြည်း လျှော့သွားလို့ရပါတယ်” ဟု ၎င်းက ဆွေးနွေး သည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို သုံးရက်မြောက် ဆွေးနွေးစဉ် ယင်းသို့ ဆွေးနွေးသွားခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံ တစ်နိုင်ငံမှာ ဖရိုဖရဲဖြစ်လျှင် မည်သည့် အဖွဲ့အစည်းက ထိန်းမလဲဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

“နိုင်ငံတစ်ခုမှာ ဖရိုဖရဲဖြစ်ရင် ဒီလို အဖွဲ့တွေက ထိန်းပေးရပါတယ်။ ၈၈ အရေး အခင်းတုန်းကလည်း ကျွန်တော်တို့ နိုင်ငံပိုင်နက်ထဲ ကို ပြည်ပက လေယာဉ်တင် သင်္ဘောကြီး တစ်စင်းဝင်လာပြီး သူတို့ထိန်းပေး မလို့ဆိုပြီး ဆင်ခြေပေးပါတယ်။ ကံအားလျော် စွာကြိုသိလိုက်လို့ တပ်မတော်က မောင်းထုတ် လိုက်တော့ ပြန် ထွက်သွားပါတယ်” ဟု ဦးမြင့်ထွန်း က ဆွေးနွေးသည်။

သို့ရာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ပုဒ်မ ၄၂၇ (က) ဖွဲ့စည်း ပုံအခြေခံ ဥပဒေနှင့် အညီ လွှတ်တော်များ ဖွဲ့စည်းခြင်း မပြုနိုင်သေးမီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံးဆောင်ရွက်သည်ဆိုသည့် ပုဒ်မကို ပယ်ဖျက်လိုသည်ဟု လွှတ်တော် အမတ် ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။

“ပုဒ်မ (၄၂၆) မှာက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်သမ္မတ က ပုဒ်မ-၄၁၇ နှင့်ပုဒ်မ - ၄၁၈ အရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာကို လွှဲအပ်ဆောင်ရွက်နေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် ပြီးမြောက်အောင် ဆောင်ရွက်ပြီး ကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိသည့် အခါ ပုဒ်မ ၄၁၈အရ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင် ရွက်စေ သည့် အမိန့်ကို ပယ်ဖျက်ကြောင်းကြေညာရမည်ဟု ပြဋ္ဌာန်းချက်ရှိ ပါတယ်” ဟု ၎င်းကဆွေးနွေးသည်။

“အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်စရာမလိုဘဲ သမ္မတ၊ လွှတ်တော်နဲ့တရား စီရင်ရေးက သူ့မဏ္ဍိုင်နဲ့သူ အလုပ်လုပ်နိုင်နေ ပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရလည်း ပေါ်ပေါက်နေတဲ့အတွက် မဏ္ဍိုင်ကြီး သုံးရပ်ကို ရွေးကောက်တင်မြှောက်ခြင်းမခံရသော အဖွဲ့အစည်းရဲ့လက်ထဲမှာ ကြာရှည်မထား သင့်ပါဘူး။ ဒါ့ကြောင့် ၎င်းပုဒ်မခွဲ (က)ကို ပယ်ဖျက်လိုခြင်း ဖြစ်ပါတယ်” ဟု ဆက်ဆွေးနွေးသည်။

ပုဒ်မ(၄၂၇) ပုဒ်မခွဲ (ခ)မှာလည်း အထက်ကဆွေးနွေးသည့် ပုဒ်မများနှင့် ဆက်စပ်လျက်ရှိသည်။ ပုဒ်မ-၄၂၆ မှာ နိုင်ငံတော်သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာလွှဲအပ်စေခြင်းအမိန့်ကို ပယ်ဖျက် ကြောင်း ကြေညာရမည်ဟု ပါရှိသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List