ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားနှစ်ဦးကို မနက်ဖြန် Koh Samuei ခရိုင်တရားရုံးမှာ အာမခံပေးဖို့ တင်ပြသွားမှာဖြစ်တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။အမှုစစ်ဆေးနေစဉ်ကာလမှာအလုပ်သမား ၂ဦးကို အချုပ်အနှောင်နဲ့မထားဘဲ တရားရှင်လွှတ်ပေးဖို့ တောင်း ဆိုသွားမှာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုး သန့်က ပြောပါတယ်။
"ကျနော်တို့က နက်ဖြန်ခါ ၂ ချက်ရှိပါတယ်၊ ၁ ချက်ကတော့ စတုတ္ထမြောက် ရမန်ပြည့်ပြီးတာကြောင့်မို့ ပဉ္စမမြောက်ရမန်တောင်းရင်တောင်းမယ်၊ အဲ့ဒီလို ရမန်မတောင်းဘူးဆိုရင်လည်း ကျနော်တို့ တရားရုံးကို အမှုတွဲ တင်ရမှာပါ၊ ကျနော်တို့ကတော့ ကလေးတွေကို အချုပ်အနှောင်ထဲထည့်မထားဖို့ဆိုတာကို တင်ပြ ဖို့အတွက် ကြိုတင်စီစဉ်နေပါတယ်"
ထိုင်းနိုင်ငံဥပဒေအရ အမှုတည်ဆောက်ဖို့အတွက် ရမန် ၇ ကြိမ်ယူခွင့်ရှိပြီး အဲ့ဒီကာလအတွင်း အမှုမတင် နိုင်ပါက တရားသေအဖြစ် တရားခံကို အပြီးလွှတ်ပေးရမှာ ဖြစ်ပါတယ်။
မနက်ဖြန်တရားရုံးချိန်းအတွက် မြန်မာသံရုံးအထူးအဖွဲ့နဲ့ ရှေ့နေများကောင်စီက မြန်မာအလုပ်သမား ၂ဦးကို ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment