Saturday, November 22, 2014

ကိုပါကြီးဇနီး လူ့အခွင့်အရေးကော်မရှင်ကို ကန့်ကွက်စာ ပို့မည်


ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုပါကြီးရဲ့ ဇနီး ဖြစ်သူ ဒေါ်သန္တာကို နိုဝင်ဘာ ၂၅ နောက်ဆုံးထားပြီး ထွက်ဆိုချက်ပို့ပေးဖို့ အကြောင်းကြား စာပေးပို့ ထားပြီး ကာယကံရှင်ဘက်က ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပြန်ပို့မယ်လို့ သိရပါတယ်။

ကိုပါကြီးအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေနေ ဦးရောဘတ် ဆန်းအောင် က မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်ရဲ့ စစ်ဆေးချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိလို့ ကန့်ကွက်စာပေး ပို့မယ်လို့ ပြောပါ တယ်။

လူ့အခွင့်အရေးကော် မရှင် ဟာ ဒေါ်သန္တာ နဲ့ နောက်တယောက်ကိုပဲ တံခါးပိတ် စစ်ဆေးဖို့ ပြောဆိုထားပြီး ကာယကံရှင်ဘက်က ရှေ့နေနဲ့ ရှေ့နေလက်ထောက် အပါအ၀င်အမျိုးသမီးအဖော် ၂ ယောက်နဲ့ ပွင့်ပွင့် လင်းလင်းစစ်ဆေးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

DVB


No comments:

Post a Comment

My Blog List