ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသော ရှားပါးဈေးကြီး ကျောက်မျက်ရတနာများ လေလံ ရောင်းချပွဲ တစ်ခုတွင် လန်ဒန်မြို့မှ တန်ဖိုးကြီး လက်ဝတ်ရတနာ ကုန်သည် လောရင့်စ်ဂရတ်ဖ် က မြန်မာ့ပတ္တမြား တစ်လုံးကို ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ ကြောင်း သတင်းရရှိသည်။
စိန်များ၏ ဘုရင်ဟု လူသိများသည့်ဂရတ်ဖ် က ထိုပတ္တမြားကို ဒုတိယအကြိမ် ပြန်လည်ဝယ်ယူခြင်း ဖြစ် သည်။ ၎င်းသည် ထိုပတ္တမြားကိုလွန်ခဲ့သောရှစ်နှစ်က လေလံပွဲတစ်ခု၌ ဝယ်ယူခဲ့ပြီး ပြန်လည် ရောင်းချခဲ့ သည်။ ပတ္တမြားကို ဂရတ်ဖ်ပတ္တမြားဟု ထိုအချိန်က ခေါ်ဆိုခဲ့သည်။
‘‘ဒီပတ္တမြားက ကမ္ဘာ့ အကောင်းဆုံးပတ္တမြားပါ။ ကျွန် တော်တို့ရဲ့ စုဆောင်းထားတဲ့ရတ နာတွေထဲမှာ ဒီပတ္တမြားကို နောက် တစ်ကြိမ် ပြန်ပိုင်ဆိုင်ခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်’’ ဟု ၎င်း က ဆိုသည်။
စိန်လက်စွပ်ထဲမှာမြှုပ်ထား သော အဆိုပါလေးထောင့်ပုံ ပတ္တ မြားသည် ကျောက်မျက်ကောင်း များထွက်ရှိရာ မြန်မာနိုင်ငံမိုး ကုတ်မြို့မှဖြစ်သည်။
‘‘အံ့အားသင့်စရာတော့ မကောင်းပါဘူး။ ဒီပတ္တမြားက သူနဲ့ပဲ ထိုက်တန်ပါတယ်။ သူက ပြိုင်စံရှားတဲ့ ရတနာတွေကို ကြိုက်တယ်လေ။ ဈေးကတော့ ရှစ်နှစ်အတွင်း နှစ်ဆမက တက်သွားတယ်’’ ဟု လေလံ ပွဲသို့တက် ရောက်ခဲ့သူတစ်ဦးက ပြောကြား သည်။
ရတနာကုန်သည် မစ္စတာ ဂရတ်ဖ်သည်ဆွစ်ဇာလန်နိုင်ငံ ဂျနီ ဗာမြို့တွင် ရတနာအရောင်းပြခန်းရှိသူဖြစ် သည်။ ၎င်းသည် အဆိုပါလေလံပွဲ၌ အခြားတန်ဖိုးကြီးရတနာများကိုလည်း ဝယ်ယူခဲ့သည်။ အဆိုပါလေလံ ပွဲ၌ ပြင်သစ် ဘုရင်နပိုလီယံ၏ မိဖုရား ဂျိုး ဇက်ဖင်းဝတ်ဆင်ခဲ့သည့် လည်ဆွဲ တစ်ခုကိုပါ လေလံတင်ရောင်း ချခဲ့သည်။
ကိုးကား- ရိုက်တာ
7Day News Journal
No comments:
Post a Comment