Miss Grand International 2014 ပြိုင်ပွဲ ကို စက်တင်ဘာ ၂ဝရက်က ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြုလုပ် ခဲ့ရာ နိုင်ငံ ကိုယ်စားပြု ၀တ်စားဆင်ယင်မှုတွင် မြန်မာနိုင်ငံမှ အလှမယ် Mဂျာဆိုင်း သည် ဒီဇိုင်နာ မပုံ့(My Favourite) ၏ ဝတ်စုံကို ဝတ်ဆင် ပြသခဲ့သည်။
ယင်းပြိုင်ပွဲသည် စစ်ဖြစ်ပွားမှု ရပ်တန့်စေရန်အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်ရာ ၎င်းသည်ပြိုင်ပွဲ၏ ရည်ရွယ် ချက်နှင့် အညီ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားလျက် ရှိသည့် စစ်ပွဲများနှင့် မြန်မာနိုင်ငံ တစ်ဝှမ်း ဖြစ်ပွား လျက်ရှိသည့် ပဋိပက္ခများ ငြိမ်းချမ်းစေရန်အတွက် ရည်ရွယ်၍ မပုံ့က ၀တ်စုံကို ဖန်တီးထားခဲ့ခြင်း ဖြစ်ပြီး ယင်းဝတ်စုံကို Mဂျာဆိုင်းက ၀တ်ဆင် ပြသခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၀တ်စုံသည် ရှေးမြန်မာ ၀တ်စုံကို အခြေခံကာ ကချင်ပုံစံ ဒီဇိုင်းကို ဒီဇိုင်နာမှ ကိုယ်တိုင်လက်ဖြင့် အနုစိတ် ဖန်းတီး ထားခြင်းဖြစ်ပြီး ကချင် ငွေမောင်းကွင်း များနှင့် မြန်မာချိတ်ကို ပေါင်းစပ်ချုပ်လုပ်ထားသည့် အပြင် ရှေးမြန်မာ နတ်သမီး ခေါင်းဆောင်း ကိုကချင်ရိုးရာ အငွေ့ အသက်များနှင့် ဆန်းသစ်စွာတီထွင်ထားခြင်း ဖြစ်သည်။
ယင်းအပြင်ပုခုံးနှစ်ဘက် တွင် ရွှေဟင်္သာငှက်နှစ်ကောင် ကိုဒီဇိုင်နာကငြိမ်း ချမ်းရေး အထိမ်းအမှတ် အဖြစ် ထားရှိပြီး ရွှေရောင်ပုဝါ သည် "Golden Land "အဖြစ်တင်စားသည့် မြန်မာနိုင်ငံကို ကိုယ်စားပြု ကာ တစ်ကိုယ်လုံးကို ရွှေပုဝါဖြင့် လွှမ်းခြုံပေး ထားခြင်း ဖြစ် သည်။
"နိုင်ငံကိုယ်စားပြုဝတ်စုံ ဖြစ်တာကြောင့် တစ်ခုချင်းစီကို သေချာ အနုစိတ် ပြင်ဆင် ထားပါတယ်။ ဝတ်စုံ မချုပ်ခင် က Mဂျာဆိုင်း ကို မေးကြည့်တော့ သူက ကချင် လူမျိုးလည်း ဖြစ်တယ်။ ကချင်ပြည်နယ် မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်အောင် ရည်ရွယ်တဲ့ ဝတ်စုံမျိုး ဖြစ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိတာကြောင့် အဲတာလေးကို ပေါ်အောင် ဖန်တီး ပေးထားတယ်။ ဒီဝတ်စုံ အတွက် အရမ်း တာဝန် ကြီးပါတယ်" ဟု ဒီဇိုင်နာ မပုံ့ က ပြောသည်။
Mဂျာဆိုင်းသည် Miss Grand International 2014 ပြိုင်ပွဲ ကိုထိုင်းနိုင်ငံ ၊ ဘန်ကောက်တွင် သွားရောက်ယှဉ်ပြိုင်ရန် စက်တင်ဘာ ၁၇ရက်ကမြန်မာနိုင်ငံ မှထွက်ခွာခဲ့သည်။
၎င်းသည်အောက်တိုဘာ၇ရက်တွင်ကျင်းပမည့် နောက်ဆုံးပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းပြိုင်ပွဲ အတွက်အွန်လိုင်း မဲပေးစနစ်မှ ချီးမြှင့်မည့် Miss Popular ဆုအတွက် ဖိလစ်ပိုင်နိုင်ငံမှ အမှတ်အများ ဆုံးဖြင့် ဦးဆောင်လျက်ရှိပြီး မြန်မာနိုင်ငံမှ ဒုတိယ နေရာ၌ရပ်တည် လျက်ရှိသည်။
Mizzima - News in Burmese
No comments:
Post a Comment