Tuesday, September 23, 2014

ဟယ်ရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆန် ကျား၊မ တန်းတူ ညီမျှမှု ရှိရေး မိန့်ခွန်းပြော



နယူးယော့ခ် စီးတီးရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် စက်တင်ဘာလ ၂၀ ရက် (စနေနေ့)က ပြုလုပ်ခဲ့သည့် HeForShe လှုပ်ရှားမှု စတင်ခြင်း အခမ်းအနားတွင် ဟယ်ရီပေါ်တာ ဇာတ်ကားများ၏ သရုပ်ဆောင်မင်းသမီး အမ်မာဝပ်ဆန်က လူမှုအဖွဲ့အစည်း အတွင်း ကျား၊မ တန်းတူညီမျှမှု ရှိသင့်ကြောင်း မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
ကျား၊မ မညီမျှမှုများအား ဆန့်ကျင်ရန် အမျိုးသားများအား ဆော်သြစည်းရုံးရေး ကိစ္စရပ်များ နှင့် ပတ်သတ်၍ ယခုအခါ အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ်သည့် မင်းသမီး အမ်မာဝပ်ဆန်သည် နယူးယော့ခ်စီးတီးရှိ ညီလာခံတွင် ဟောပြောခဲ့ပြီး ၎င်း၏ ဟောပြောမှုကို အင်တာနက်မှလည်း ထုတ်လွှင့်ခဲ့သည်။

“ကျွန်မ အသက် ၁၄နှစ် အရွယ်မှာ မီဒီယာရဲ့ တစ်ချို့ အစိတ်အပိုင်းတွေက လိင်စွဲဆောင်မှု ပုံစံမျိုး စပြီး ဖော်ဆောင်လာ ကြပါတယ်။ ၁၅ နှစ် ရောက်တဲ့ အခါမှာတော့ ကျွန်မရဲ့ မိန်းကလေး သူငယ်ချင်းတွေဟာ သူတို့ ချစ်မြတ်နိုးတဲ့ အားကစား အသင်းတွေကနေ နုတ်ထွက်လိုက်ကြ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ကြွက်သားကြီးတွေနဲ့ မိန်းမ မဆန်တဲ့ ပုံစံမျိုး မပေါက်ချင်ကြလို့ပါ” ဟု အမ်မာ က အခမ်းအနား တက်ရောက်လာ သူများအား ပြောကြား ခဲ့သည်။

“ကျွန်မဟာ အမျိုးသမီးဝါဒီ တစ်ဦးဖြစ်တယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အမ်မာ က ဆိုသည်။ “အဲဒါဟာ ကျွန်မ အတွက်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ မကြာသေးမီတုန်းက ကျွန်မ သုတေသန တစ်ခု လုပ်ကြည့် လိုက်တဲ့အခါ အမျိုးသမီး ဝါဒဟာ လူကြိုက်နည်းတဲ့ စကားလုံးတစ်ခု ဖြစ်တာကို ကျွန်မ သိလိုက်ရပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။ အမ်မာဝပ်ဆန်၏ မိန့်ခွန်း အပြည့်အစုံကို http://www.youtube.com/watch?v=p-iFl4qhBsE တွင် ၀င်ရောက် နားဆင်နိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List