Monday, August 04, 2014

အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကိုပိုမိုထမ်းဆောင်ခြင်းဟု ဦးရဲထွဋ်ပြော


ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တွင် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ထမ်းဆောင် သွားမည်ဟု ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့် အပ်ခံခဲ့ရသည့် ဦးရဲထွဋ်က ပြောခဲ့သည်။ယခင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် လိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းအောင်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအ ဖြစ် ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းအ ပေါ် ဦးရဲထွဋ်က ယင်း၏ဖေ့စ် ဘွတ်ခ် စာမျက် နှာပေါ်မှတစ်ဆင့် ''ကျွန်တော့်ကို ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ် တော်ကို ကျေးဇူးတင်ပါတယ်။ အဲဒီယုံကြည်မှုများနဲ့ ထိုက်တန်တဲ့ပေးဆပ်မှုအဖြစ် သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့ ထမ်းဆောင်သွားမယ်''ဟု ရေးသား ဖော်ပြခဲ့သည်။

ထို့အပြင် ယင်းက ရာထူးတိုးမြှင့် ခံခဲ့ရခြင်းမှာ အခွင့်အရေးကို တိုးမြှင့်ခံစားရန် မဟုတ်ဘဲ တာဝန်ကို ပိုမိုထမ်းဆောင် ရန်ဖြစ်ကြောင်း ဆက်လက်ရေး သားဖော်ပြခဲ့သည်။

အဆိုပါ ဝန်ကြီးတာဝန် လွှဲပြောင်း ခန့်အပ်ခြင်းကို သြဂုတ် ၁ ရက်တွင် ကျင်းပ သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ် တော် ဒသမပုံမှန်အစည်းအဝေး၌ ဝန်ကြီး တာဝန် လွှဲပြောင်းခန့်အပ်ခြင်းကို ကန့်ကွက် သူမရှိ ခဲ့သောကြောင့် ပြည်ထောင်စုဝန်ကြီး များအဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စု လွှတ်တော်
ဥက္ကဋ္ဌက ကြေညာခဲ့သည်။

''နိုင်ငံတော်သမ္မတက ဒီဝန်ကြီး တွေရဲ့ ရာထူးနေရာကို တင်ပြလာတော့ လွှတ် တော်ကိုယ်စားလှယ်တွေ ကလဲ ဘယ်သူမှ မကန့်ကွက်ကြဘူး။ ကန့်ကွက်စရာလဲ အ ကြောင်းကိစ္စတော့ မရှိပါဘူး။ ဝန်ကြီးက နုတ် ထွက်ရင် ဒုတိယဝန်ကြီးက အလိုလိုဝန် ကြီးဖြစ်မှာပဲလေ ဒါက အစိုးရပိုင်းရဲ့ မူဝါ ဒပဲ'' ဟု အင်န်အယ်လ်ဒီ
ပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ပြန်ကြားရေးဝန်ကြီးနေရာနှင့် ကျန်းမာရေးဝန်ကြီးနေရာ လစ်လပ်နေရ ခြင်းမှာ လွန်ခဲ့သည့် ဇူလိုင်လပိုင်းက အဆို ပါဝန်ကြီးနှစ်ပါးသည် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံသို့ စာတင်ပြီး နှုတ်ထွက် ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကလည်း ဇူလိုင် ၂၉ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်းမာရေး ဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်တို့အား ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ(၂၃၅)၊ ပုဒ်မခွဲ(ခ)နှင့် ပြည် ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ(၆၈)၊ ပုဒ်မ ခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ၄င်းတို့၏ သဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။


Yangon Media Group

No comments:

Post a Comment

My Blog List