Monday, August 18, 2014

ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားတွေ လက်ခံလိုက်ပြီ


“ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားတွေ ဘက်ကလည်း လက်ခံပြီးပြီ။ သူ့ရဲ့ Principle(မူ) အရက လူတိုင်း လက်ခံရမယ့် ကိစ္စပဲ”လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွဲဖက်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် က ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် ဆက်လက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရဘက်က သတ်မှတ်ထားတဲ့ ဒို့တာဝန်အရေးသုံးပါးကို အခြေခံဆွေးနွေး ရန်ဖို့ တိုင်းရင်းသားတွေက လက်ခံလိုက်တာပါ။

တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ အချက်တွေကို အစိုးရက လက်ခံပေးလိုက်တဲ့အတွက် အခုလို လက်ခံလိုက်တာလို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်းက ပြောပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရမူဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ လောကပါလ တရားတွေကို အခြေခံပြီး ဆွေးနွေးမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒို့တာဝန်အရေးသုံးပါးကို ဆွေးနွေးဖို့ လက်ခံလိုက်တာဟာ နှစ်ဘက်အဖွဲ့အစည်းတွေ လိုလားချက်တွေကို အပေးအယူ လုပ်တာဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံတာနဲ့ တိုက်ရိုက် မပတ် သက်ဘူးလို့ ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်းက ရှင်းပြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ NCCT တို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ညှိနှိုင်းပွဲကို ရန်ကုန်မြို့တော်ရှိ မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှာ ဩဂုတ်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဆွေးနွေးနေကြတာပါ။

The Voice Weekly 

No comments:

Post a Comment

My Blog List