Friday, August 22, 2014

James Foley ကိုသတ်တဲ့ အသံပိုင်ရှင်ကို ဖော်ထုတ်ကြဖို့ မွတ်စလင် ခေါင်းဆောင်တွေ ပန်ကြား


အမေရိကန်နိုင်ငံသား ​စာနယ်ဇင်းသမားဖြစ်သူ ​James ​Foley ​ကို ​လည်လှီး သတ်ဖြတ်ခဲ့တဲ့ ​အကြမ်းဖက် သမားဟာ ​လန်ဒန်လေယူလေသိမ်းနဲ့ ​ပြောသွားတဲ့အတွက် ​အဲဒီလူ ​ဘယ်သူဖြစ်သလဲဆိုတာကို ​ဝိုင်းဝန်း ဖော်ထုတ်ပေးကြဖို့ ​ဗြိတိန်နိုင်ငံမှာ ​နေထိုင်တဲ့ ​မွတ်စလင်ခေါင်းဆောင်တွေက ​ပြည်သူတွေကို ​ပန်ကြား လိုက်ပါတယ်။

ဗီဒီယိုထဲမှာ ​စာနယ်ဇင်း ​သမားကို ​လည်လှီး ​သတ်ဖြတ် ​ခဲ့တဲ့လူဟာ ​ISIS ​အဖွဲ့က ​ဖမ်းဆီး ​ထားတဲ့ ​နိုင်ငံခြား ​သားတွေကို ​စောင့်ကြပ်ရသူ ​ဗြိတိန်နိုင်ငံသား ​သုံးဦးထဲက ​တစ်ဦး ​ဖြစ်တယ်လို့ ​ယူဆနေကြပါတယ်။

အဲဒီလူရဲ့ ​အသံနဲ့ ​အမူအယာကို ​မှတ်မိတဲ့သူ ​အနေနဲ့ ​အာဏာပိုင်ကို ​အကြောင်းကြားဖို့ ​တာဝန်ရှိ ​တယ်လို့ ​ဗြိတိန်နိုင်ငံက ​မွတ် ​စ ​လင် ​ခေါင်း ​ဆောင် ​တွေက ​ပြောပါတယ်။ ​အဲဒီလူရဲ့ ​လေယူလေသိမ်းကို ​အသံထွက် ​ပညာရှင်တွေရဲ့ ​လေ့လာ ​ချက်အရ ​လန်ဒန်မြို့ကလူမျိုး ​ပေါင်းစုံပြော ​ဆိုတဲ့ ​လန်ဒန် ​လေယူ ​လေသိမ်းဖြစ် ​တယ်ဆို ​တာကို ​တွေ့ခဲ့ရပြီး ​အဲဒီစကားသံကို ​လန်ဒန် ​အရှေ့ပိုင်းက ​လူတွေ ​အပြောများတာ ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​လန်ဒန်မြို့က ​လူပေါင်း ​၄ ​ယောက် ​ကနေ ​အယောက် ​၅၀၀ ​ဟာ ​အီရတ်နဲ့ ​ဆီးရီးယား ​နိုင်ငံက ​အကြမ်းဖက် ​အဖွဲ့အစည်း ​တွေနဲ့ ​ပူးပေါင်းမှု ​လုပ်နေတယ်လို့ ​လန်ဒန်ရဲတွေက ​ခန့်မှန်းထားပါတယ်။

အကြမ်းဖက် ​သမားတွေ ​ဟာ ​စာနယ်ဇင်းသမား ​James ​Foley ​ကို ​ယူရို ​သန်း ​၁၀၀ ​ဒေါ်လာ ​သန်း ​၁၅၀ ​နီးပါးနဲ့ညီမျှတဲ့ငွေတွေပေးရင် ​လွတ်ပေးမယ်လို့ ​ပြောဆိုခဲ့တယ်လို့ ​James ​Foley ​ရဲ့ ​အလုပ်ရှင် ​Global ​Post ​သတင်းဌာနက ​ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ​အကြမ်းဖက်သမားတွေဟာ ​သူတို့ဖမ်းဆီးထားသူ ​အမေရိကန် ​သတင်းသမားတစ်ဦးကို ​ထပ်မံ ​သတ်ပစ်မယ်လို့လည်း ​ခြိမ်းခြောက်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List