Thursday, August 21, 2014

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံရ


ထိုင်းနိုင်ငံရဲ့ သွေးမြေမကျစစ်အာဏာသိမ်းမှုမှာ ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဟာ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် အဖြစ်ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။ 

အာဏာသိမ်းစစ်အစိုးရက ရွေးချယ်ဖွဲ့စည်းထားတဲ့ အမတ် ၁၉၇ဦး ပါ အမျိုးသားလွှတ်တော် မှာ အမတ် ၁၉၁ဦးရဲ့ ထောက်ခံမဲရခဲ့တာဖြစ်ပါတယ်။ ကျန်အမတ် ၆ဦးမှာ ၃ဦးက ပျက်ကွက်ဖြစ်ပြီး ၃မဲက မဲမပေး ဘဲနေခဲ့ကြတာဖြစ်ပါတယ်။ 

ဒါကြောင့် သူ့ကို ကန့်ကွက်တဲ့သူမရှိဘဲ ရွေးကောက်ခဲ့တာဖြစ်ပြီး ယင်းရာထူးအတွက် ယှဉ်ပြိုင်အရွေးခံမယ့် သူလည်း တစ်ဦးမှ မရှိခဲ့ပါဘူး။ 

သူ့ရဲ့ရာထူးအတွက် ဘုရင်ဘူမီဘော ရဲ့ အတည်ပြုထောက်ခံမှုရယူရဦးမှာဖြစ်ပါတယ်။

စစ်ယူနီဖောင်းချွတ်ပြီးအရပ်ဝတ်လဲတဲ့ ဒီလုပ်ရပ်ဟာ ထိုင်းစစ်တပ်ရဲ့နိုင်ငံရေး ချုပ်ကိုင်မှုကို ပိုမိုခိုင်မာ အားကောင်းစေဖို့ဖြစ်တယ်လို့ အများကရှုမြင်သုံးသပ်နေကြပါတယ်။

ဘာသာပြန်……. ကိုမိုးထက်
Ref: AFP
Kumudra

No comments:

Post a Comment

My Blog List