Tuesday, August 19, 2014

မြန်မာအေးဂျင့် ၃ ဦးကို အမိန့်ချမည့်ရက် ရွှေ့



မြန်မာနိုင်ငံသားတွေကို ဗီဇာအတုနဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်ခဲ့တဲ့ မြန်မာအေးဂျင့် ၃ ဦးကို အစောပိုင်းက ဒီကနေ့ အမိန့်ချမှာဖြစ်ပေမယ့် ၂၂ နေ့ကို ရက်ရွှေ့လိုက်တယ်လို့ မလေးရှားနိုင်ငံက မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ဌာန ဥက္ကဋ္ဌ ကိုလတ်က ပြောပါတယ်။
ဒီအေးဂျင့် ၃ ယောက်ကလည်း သူတို့ဘက်က လိုက်ဖို့ ရှေ့နေ ငှားထားပြီး စာရွက်စာတမ်းတွေ မပြည့်စုံသေး တာကြောင့် ရက်ရွှေ့လိုက်တာလို့ ကိုလတ် က ပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို သွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦး နဲ့ သူတို့တတွေကို မြန်မာပြည်ကနေ ခေါ်ဆောင်လာတဲ့ အေဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ မလေး လ၀က က ဖမ်းဆီးခဲ့ပါတယ်။

သြဂုတ် ၁၂ ရက်နေ့တုန်းကတော့ ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ ၂၀ ဦးမှာ ဗီဇာအမှန်ရှိသူ ၁၂ ဦး ပါဝင်ပြီး ကျန် ၈ ဦးကတော့ ဗီဇာတု ကိုင်ဆောင်ကြတဲ့ ကလေးနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါတယ်။ ဒီ ၈ ဦးကိုတော့ သက်ညှာစွာနဲ့ တရားစွဲဆိုခြင်း မရှိပေ။ အယောက် ၂၀ လုံးကို မြန်မာပြည်ပြန်ပို့မှာ ဖြစ်ပေ မယ့် သူတို့ကို အစိုးရသက်သေအဖြစ် လေဆိပ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိပါတယ်။

DVB

No comments:

Post a Comment

My Blog List