Tuesday, August 19, 2014

ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆိုခံသတင်းထောက်များနှင့် ပတ်သက် ပြီး သတင်းကောင်း ကြားရမည်ဟု ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ် ထုတ်ဖော်ပြောကြား


ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုခြင်းခံထားရသော သတင်းထောက်များနှင့် ပတ်သက်ပြီး သတင်းကောင်းကြား ရမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။

''ကျွန်တော်သြဂုတ် ၁၆ရက်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ ဆုံ ဆွေးနွေးတဲ့အခါမှာ ပုဒ်မ-၁၈နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့သတင်းထောက်တွေကိစ္စနဲ့ပတ်သက်ပြီးလဲ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ ကောင်းမွန်ခဲ့တယ် လို့ပြောရမှာဖြစ်ပါတယ်။ မကြာခင် သတင်းကောင်းတစ်ခုတော့ ကြားရမှာဖြစ်ပါတယ်''ဟု ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြော သည်။

ယူနီတီဂျာနယ်မှ အမှုဆောင် အရာရှိ ဦးတင့်ဆန်းအပါအဝင် သတင်းသမားများအား အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့ပြီးနောက် ဇူလိုင် ၁၂ရက်ကပြုလုပ်သည့် သမ္မတ နှင့် အနုပညာရှင်များတွေ့ဆုံပွဲတွင် သတင်းမီဒီယာများအနေဖြင့် မီဒီ ယာဖိနှိပ်မှုရပ် (Stop Killing Press) တံဆိပ်ရိုက်နှိပ်ထားသောတီ ရှပ် အင်္ကျီများကို ဝတ်ဆင်ထားပြီး သတင်းဝင်ရောက်ရယူရန် ကြိုးပမ်းခဲ့ကြခြင်းကို တားမြစ်ခဲ့သည့်အတွက် သတင်းရယူရန်လာရောက်သည့် သတင်းထောက်များက ပါးစပ်တွင် တိတ်ဖြင့်ပိတ်သည့်ပုံစံ ပြုလုပ်ပြီး ကင်မရာနှင့် ရီကော်ဒါများကို အောက် သို့ချကာပြုလုပ်ခဲ့သဖြင့် ကမာရွက်ရဲ စခန်းက အဆိုပါ သတင်းထောက်များကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပုဒ်မ ၁၈ ဖြင့်တရားစွဲဆိုခြင်းခံထားရသည့် သတင်းထောက်တစ်ဦးဖြစ်သူကို အောင်မြင့်ကျော်က ''ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနဲ့ တွေ့ဆုံ တယ်လို့သိရပါတယ်။ အဲဒီလို တွေ့ ဆုံတဲ့အထဲမှာ ရန်ကုန်မှာတရားစွဲဆို ခံထားရတဲ့ သတင်းထောက်တွေနဲ့ ပတ်သက်ပြီး ရလဒ်ကောင်းတွေရ မယ်လို့တော့မျှော်လင့်နေပါတယ်။ စာနယ်ဇင်းကောင်စီအနေနဲ့လဲ တိုက် အသီးသီးမှာရှိတဲ့ သတင်းထောက် တွေနဲ့ တွေ့ဆုံပြီး သတင်းသမားတွေ အခက်အခဲနဲ့ လိုအပ်ချက်တွေကို နား ထောင်ပြီး၊ သတင်းကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို တွေ့ဆုံဆွေးနွေးမှုတွေလုပ် သင့်တယ်။ဒီလိုလုပ်သွား
မယ်ဆိုရင် သတင်းထောက်တွေအနေနဲ့ တရားစွဲဆိုခံရတဲ့ကိစ္စတွေရှိလာမှာ မဟုတ် တော့ပါဘူး''ဟု သုံးသပ်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကမာရွက်ရဲစခန်းတွင် ပုဒ်မ ၁၈ဖြင့် သတင်းထောက် ၅ဝခန့် တရားစွဲဆို ခံထားရကြောင်း သိရသည်။

SMT,SH
Yangon Media Group

No comments:

Post a Comment

My Blog List