Tuesday, August 19, 2014

ဓမ္မစေတီခေါင်းလောင်းတူးဖော်ခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟုဆို


ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရရှိပါက ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အခြား နေရာတစ်ခုခုသို့ ယူဆောင်သွားခြင်းကိစ္စမှ လွဲ၍ခေါင်း လောင်း တူးဖော်ခြင်းကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ က ပြောသည်။

''ခေါင်းလောင်းတူးဖော်မှုမှာ ဌာနကဘာမှ ပါဝင်ဆောင်ရွက်ဖို့မရှိပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ယဉ်ကျေး မှုဝန်ကြီးဌာနကို လျှောက်တယ်။ သဘောတူလိုက်တယ်။ ပူးပေါင်း ပါဝင်ဖို့မရှိဘူး။ သူတို့သဘောနဲ့သူတို့ တူးတာဖြစ်တယ်။ ခေါင်းလောင်းရ လာလို့ မူလနေရာမှာထားမယ်ဆို ရင်တော့ အဘတို့နဲ့မဆိုင်ဘူး။ တခြား နေရာယူသွားမယ်ဆိုရင်တော့ ဆိုင် လာမယ်''ဟု ဒုတိယဝန်ကြီး ဦးသန်း ဆွေက ပြောသည်။

ယခင်က ဓမ္မစေတီခေါင်းလောင်း ကိုသမိုင်းမှတ်တမ်းများအရ ရွှေတိဂုံစေတီတော် အရှေ့မြောက်ထောင့် တွင်ထားရှိသောကြောင့် ယခုရှာဖွေ ရရှိပါကလည်း မူလနေရာတွင် ထားရှိကာ အကယ်၍ထားရှိခြင်းမရှိ ဘဲ အခြားနေရာသို့ ယူဆောင်သွားပါက ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်လာမည်ဖြစ်ကြောင်း ဒုတိယဝန် ကြီးက ဆက်လက်ပြောကြားသည်။

''ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါင်းရှောင်နေတယ်။ နိုင်ငံခြားအကူ အညီနဲ့ ရှာမယ်ဆိုတုန်းကလဲ သူတို့ ခေါင်းရှောင်တယ်။ အမှန်ဆို ယဉ် ကျေးမှုဝန်ကြီးဌာနကစ လုပ်သင့်တာ''ဟု သမိုင်းပညာရှင်ဒေါက်တာ ချစ်စံဝင်းက ပြောသည်။

''ဒီခေါင်းလောင်းဆယ်ယူရာမှာ နိုင်ငံတော်ပံ့ပိုးမှုက အားနည်းတယ်။ နိုင်ငံတော်အနေနဲ့ ဒီထက်ပိုပြီးပံ့ပိုး ပေးရင်တော့ ကျွန်တော်တို့ပြည်သူ တွေ မျှော်လင့်ရတာ ပိုပြီးအားရှိ တာပေါ့'' ဟု သန်လျင်မြို့နယ်မှခေါင်း လောင်းဆယ်ယူမှုကို လာရောက် ကြည့်ရှုသူကိုအောင်မျိုးကပြောသည်။

ဓမ္မစေတီခေါင်းလောင်းကို ဦးစံလင်းက ဦးဆောင်ကာ သြဂုတ်လ ၉ ရက်မှ စတင်၍ ရေငုပ်သမားများ ဖြင့် ရှာဖွေလျက်ရှိပြီးခေါင်းလောင်းကို တွေ့ရှိပြီဖြစ်ကြောင်းလည်း နတ်စင်တစ်ရာဆရာတော်က သြဂုတ်လ ၁၇ရက်ကမိန့်ကြားခဲ့ပြီး ရှာဖွေသူ ဦးစံလင်းအဖွဲ့ကမူ သတင်းထုတ်ပြန် ခြင်းမရှိသေးကြောင်း သိရသည်။ 

MTZ
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List