Wednesday, August 20, 2014

ကြားဖြတ်အတွက် ဒီချုပ်ကိုယ်စားလှယ်လောင်းများ မြို့နယ်မှ စာရင်းလက်ခံသည့် အဆင့်သာရှိသေး



ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများစာရင်းကို မြို့နယ်များမှ စတင်လက်ခံသည့်အဆင့် သာရှိသေးသည်ဟု သတင်းရရှိသည်။ မြို့နယ်များမှ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကို မှတ်ချက်နှင့်အတူ ခရိုင်၊ တိုင်းအဆင့်ဆင့် အောင်နိုင်ရေးအဖွဲ့များသို့ ပို့ဆောင်ထားပြီးမှ သြဂုတ် ၃၀ ရက် နောက်ဆုံးထား၍ ဗဟို အောင်နိုင်ရေးအဖွဲ့သို့ ပေးပို့ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ် အောင်နိုင်ရေးအဖွဲ့ များကို သြဂုတ်လ ၁၅ ရက်မှသာ ဖွဲ့စည်းခြင်းဖြစ်၍ ဗဟိုမှ အတည် ပြုအကြောင်းကြားစာ ပြန်လည် ရောက်ရှိမှသာ ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးမောင်မောင်ဦးက ပြောသည်။

‘‘ကိုယ့်ကိုယ်ကိုယ် ကိုယ်စား လှယ်အဖြစ် အဆိုပြုလို့လည်း ရ ပါတယ်။ ဒါကို ကျွန်တော်တို့က ပယ်တာတွေ ဘာတွေ မလုပ်ပါ ဘူး။ အဆိုပြုလွှာနဲ့အတူတူ မှတ် ချက်ပဲရေးပြီး ခရိုင်တိုင်းကို ပို့ သွားမှာပါ။ ခုချိန်မှာတော့ ကိုယ့် ကိုယ်ကိုယ် အရွေးချယ်ခံမယ်ဆို ပြီး ပြောနေကြတာပဲ ရှိပါသေး တယ်’’ ဟု မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်မှ ဦးမျိုးမြင့်အောင် က ပြောသည်။

ရွေးကောက်ပွဲ အောင်နိုင် ရေးအဖွဲ့များ အတည်ပြုစာ မရရှိ သေးသည့် မြို့နယ်များလည်း ရှိ နေပြီး မြို့နယ် အမှုဆောင် များ နှင့် အောင်နိုင်ရေးအဖွဲ့များက ရွေးချယ်ခြင်း မဟုတ်ဘဲ အဆိုပြု လွှာများ အားလုံးကို ဗဟိုကသာ နောက်ဆုံး အတည်ပြုရမည်ဖြစ် ၍ သြဂုတ် ၃၀ ရက် နောက်ပိုင်းမှသာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ်စား လှယ်လောင်း ရွေးချယ်မှုမှာ ပြီးစီးမည်ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် အင်အားကြီးပါတီတစ်ခုဖြစ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ သည် ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများကို ရွေးချယ်ပြီးဖြစ်၍ ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒနယ်စာရင်း ကြေညာသည်နှင့် ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ကြေညာမည်ဟု ပြောကြားထားသည်။

7Day Daily

No comments:

Post a Comment

My Blog List