Monday, August 18, 2014

ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲသွားမည်



ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲနေလျှက်ရှိပြီး၊ ဆရာဝန်များကိုဘွဲ့လွန်သင်တန်းများထပ်မံခေါ်ယူ သွားမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က သြဂုတ်လ ၁၅ ရက်နေ့က မြောင်းမြမြို့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိစဉ် တွင်ပြောကြားခဲ့သည်။
ဝန်ကြီး ဒေါက်တာသန်းအောင်မှ ပြည်ထောင်စုဝန်ကြီးဖြစ်ပြီးနောက် ၎င်း၏ ပထမဆုံးခရီးစဉ်ဖြစ်သည့် မြောင်းမြမြို့တွင် ပြည်ထောင်စုဝန်ကြီးဦးတင်ဆန်း၊ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် မြောင်းမြဆေးရုံဝန်ထမ်းများ မြို့မိမြို့ဖများနှင့် တွေ့ဆုံ့ပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့သလိုဆရာဝန်များအားလုံး ဝန်ထမ်းအိမ်ယာနေအိမ်များ ရရှိနိုင်ရန် ကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

“ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံကို ပြန်ဆွဲနေပါတယ်၊ ကျွန်တော်တို့ ဝန်ထမ်းဆရာဝန်တွေအားလုံး အိမ်ရရှိရမယ်ဆိုတဲ့အစီအစဉ်ကိုလည်း ဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့ဖက်က နိုင်ငံဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာ အရ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရတာ ဂုဏ်ယူနိုင်အောင်လို့ကျွန်တော်တို့ လုပ်ဆောင်ပေးသွားမှာပါ၊ ထို့အတူဘွဲ့လွန်တွေအများ


ကြီး ထပ်ခေါ်ယူပါဦးမယ်၊ အခုလဲပဲ ထပ်ခေါ်ပါဦးမယ်၊ ဒါ့ကြောင့်စာလေးတွေကျက်ထားကြပါ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြောင်းမြမြို့နယ်အတွင်း လိုအပ်နေသည့် တိုက်နယ်ကျန်းမားရေးဆေးရုံများကို ထပ်တိုးချထားပေး ရန်နှင့် မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်နေသည့် စက်ကရိယာများ၊ဝန်ထမ်းများနှင့် အဆောက်အဦးများ ကို ထပ်မံဖြည့်တင်းဆောင်ရွက်ပေးရန် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဆန်း ၊မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး၊ မြောင်းမြခရိုင်ကျန်းမာရေးဦးစီးမှူး တို့ရဲ့ တောင်းဆိုမှုများကိုလည်းဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်


ကြောင်းပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းအောင်က ကတိပြုပြောကြားခဲ့သည်။

The Myanmar Age

No comments:

Post a Comment

My Blog List