Friday, August 22, 2014

အီဘိုလာပိုးရှိတယ်လို့ သံသယ ဖြစ်ခံရတဲ့ မြန်မာမှာ ငှက်ဖျားပိုးတွေ့ရှိလို့ဆို


အီဘိုလာ ရောဂါပိုး ကူးစက်ခံရပြီး ရောဂါပျောက်ကင်းကြောင်း ဆေးရုံကနေ ဆင်းလာတဲ့ အမေရိကန် ဆရာဝန် 

အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​ပျံ့နှံ့နေတဲ့ ​Guinea ​နဲ့ ​Liberia ​နိုင်ငံကနေ ​ပြန်လည် ရောက်ရှိလာတဲ့ ​မြန်မာ ​တစ်ဦး ကို ​မြောက် ​ဥက္ကလာ ​ပ ​မြို့နယ် ​ဝေဘာဂီ ​ဆေးရုံမှာ ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​အဲဒီ လူဟာ ​ဌက်ဖျား ​ရောဂါ ​နှစ်မျိုး ​ကူးစက် ​ခံနေရသူ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီ ​အသက် ​၂၂ ​နှစ်အရွယ် ​ဇင်မင်းဦးဟာ ​သင်္ဘောသားအနေနဲ့ ​ဂီးနီ ​နိုင်ငံမှာ ​တစ်နှစ်ကျော်ကြာ ​အလုပ်လုပ် ​ခဲ့သူဖြစ်ပြီး ​သြဂုတ်လ ​၁၉ ​ရက်နေ့တုန်းက ​ဖျားနာ ​တာတွေ၊ ​အားအင်ချိနဲ့တာတွေနဲ့ ​သတိလစ် ​တာတွေ ​ဖြစ်ခဲ့တဲ့ ​အတွက် ​အီဘိုလာပိုး ​ကူးစက်ခံရတာ ​ဖြစ်နိုင်တယ်လို့ ​သံသယ ​ရှိခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ခွဲ ​အဖြေ ​အရေ ​ဌက်ဖျားပိုး ​နှစ်မျိုး ​ကူးစက် ​ခံရတာဖြစ်ပြီး ​ဌက်ဖျားဆေးနဲ့ ​ကုပေးတဲ့အခါ ​ကျန်းမာရေး ​အခြေအနေ ​တိုးတက် ​လာတယ်လို့ ​မြန်မာအစိုးရ ​သတင်းစာမှာ ​ဖော်ပြ ​ထားပါတယ်။

ဒါပေမဲ့ ​ဘီဘိုလာ ​ရောဂါနဲ့ ​ဆက်စပ်ပြီး ​ကမ္ဘာ့ ​ကျန်းမာရေးအဖွဲ့ရဲ့ ​သတ်မှတ်ချက်အရ ​အီဘိုလာ ​ပိုးရှိမရှိ ​ဆိုတာကို ​ဆက်လက် ​စောင့်ကြည့် ​နေတယ်လို့ ​ဆိုပါတယ်။ ​ဇင်မင်းဦးရဲ့ ​သွေးကိုလည်း ​အိန္ဒိယနိုင်ငံ ​ပူနေးမြို့က ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​စမ်းသပ်ဖို့ ​ပို့ဆောင်ပေးပြီး ​လေး၊ငါးရက် ​အတွင်း ​အီဘိုလာ ​ပိုးရှိမရှိ ​သိရမယ်လို့လည်း ​ပါရှိပါတယ်။

ဗီယက်နမ် ​နိုင်ငံမှာလည်း ​လေယာဉ်ပေါ် ​နာမကျန်းဖြစ်ခဲ့သူ ​နိုင်ဂျီးရီးယား ​နိုင်ငံသား ​နှစ်ဦးကို ​သီးသန့် စောင့်ကြည့်မှုတွေ ​လုပ်ခဲ့ပေမယ့် ​အခုအခါမှာ ​အဖျားတွေမရှိတော့သလို ​အီဘိုလာ ​ရောဂါ ​လက္ခာဏာ ​မပြတဲ့အတွက် ​တခြားလူနာတွေနဲ့ ​အတူထားရှိပြီး ​သုံးပတ်ကြာ ​ဆက်လက် ​စောင့်ကြည့် ​သွားမယ်လို့ ​သိရပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ​အီဘိုလာ ​ရောဂါကူးစက်ခံရသူ ​ဒေါက်တာ ​Kent ​Brantly ​နဲ့ ​Nancy ​Writebol ​ကို ​ဆေးရုံက ​ဆင်းခွင့်ပေးလိုက်ပြီ ​ဖြစ်ပါတယ်။

အာဖရိကတိုက်မှာ ​သာဿနာပြုလုပ်ငန်းလုပ်ကိုင်ရင်း ​အီဘိုလာ ​ဝေဒနာသည်တွေကို ​ကုသရာက ​ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ပိုးကြောင့် ​သေဆုံးသူ ​၁၃၅၀ ​ရှိသွားပြီ ​ဖြစ်တဲ့ ​အတွက် ​တောင်အာဖရိက ​နိုင်ငံကလည်း ​အီဘိုလာ ​ပြန့်ပွားနေတဲ့ ​Liberia၊ ​Guinea၊ ​နဲ့ ​Sierra ​Leone ​နိုင်ငံက ​လူတွေကို ​နိုင်ငံတွင်း ​ဝင်ခွင့် ​ပိတ်ပင်လိုက်ပြီ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List