Thursday, August 21, 2014

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ



ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန်လာစေ နိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေး ဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ်သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။
အဆိုပါ စီမံကိန်းအား သတ်မှတ်ထားသည့် ကာလအတိုင်း ဆက်လက် လုပ်ဆောင်ရန် NCPO က အတည်ပြုထောက် ခံပေးလိုက်ကြောင်း “အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖေရးအေဂျင်စီ ဒုတိယဥက္ကဌ၊ ထားဝယ်အထူးစီး ပွားရေးဇုန် ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီညွှန်ကြားရေးမှူးနှင့် ဓားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအဖွဲ့ (DSEZ) ညွှန်ကြားရေးမှူး ဖြစ်သူ ပါရာမက်စ်ဗွတ်ဒီသွန်နီတီရက်က ပြောကြားသည်။

DSEZ သည် မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန် ထူထောင်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက သဘောတူညီချက်ရရှိခဲ့သည့် အီတာလျံထိုင်း ကုမ္ပဏီ၏ နေရာတွင် အစားထိုး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တွင် အထူးစီးပွားရေးဇုန် တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို ၇၅ နှစ် လုပ်ကိုင်ရန် သဘောတူညီချက် ရရှိထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထား သည်။

“ဂျပန်နဲ့ မြန်မာ ပူးပေါင်းလုပ်ကိုင်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်က အလျင်အမြန်တိုးတက်နေပါပြီ” ဟု ပါရာမက်စ် ဗွတ်ဒီ သွန်နီတီရက် က ပြောကြားသည်။

ထားဝယ်စီမံကိန်း၏ ပထမအဆင့်တွင် ပါဝင်မည့် လုပ်ဆောင်ရန် အဆင့်များကို စက်တင်ဘာလ လအတွင်း မူကြမ်းရေး ဆွဲသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်မည့်သူများကို အောက်တိုဘာလအ တွင်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပထမအဆင့်တွင် ထားဝယ်စီမံကိန်းဧရိယာ၏ အကျယ်အ၀န်း ငါးပုံတစ်ပုံတွင် ပါဝင်မည့် လမ်းများ၊ ဆိပ်ကမ်း တစ်ခုနှင့် စက်မှုဇုန်တစ်ခု တို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။



Ref:Bangkok Post
Mizzima - News in Burmese

No comments:

Post a Comment

My Blog List