Wednesday, August 20, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုနေသောသောင်တူးစက်ပျက် သဖြင့် သဲစုပ်ထုတ်ခြင်း ရပ်နားထားရ



ဓမ္မစေတီ ခေါင်းလောင်းရှာဖွေရာတွင် အသုံးပြု နေသော သောင်တူးစက်ချို့ ယွင်းမှု ဖြစ်ပေါ်နေသဖြင့် သဲစုပ်ထုတ်ခြင်းကို သြဂုတ်လ ၁၉ရက်က ရပ်နားထားကြောင်း သိရသည်။

ခေါင်းလောင်းရှိနိုင်သည်ဟုယူ ဆထားသောနေရာရှိသဲများကို စုပ်ထုတ်နေသော သောင်တူးစက်မှ ဟိုက်ဒရောလစ် ချို့ယွင်းခြင်းကြောင့် သဲစုပ်ထုတ်ခြင်းကို ရပ်နားထားကာ ပြန်လည်ပြင်ဆင်ရေးများကို ဆောင်ရွက်နေကြောင်း သိရသည်။

''မနေ့က မွန်းလွဲ နှစ်နာရီ လောက်ကစပြီးတူးတာ။ အနားကို သွားကြည့်ရင် တူးနေတာကိုသေချာ မြင်ရ တယ်။ ဒီနေ့မနက်ကိုးနာရီ လောက်ထဲက ထိုင်ကြည့်နေတာ ဘာလှုပ်ရှားမှုမှမတွေ့ရဘူး။ သွားကြည့်တဲ့ သူတွေပြန်ပြောတာတော့စက်ပျက် နေတယ်လို့ပြောတယ်''ဟု သာကေတမှ လာရောက်ကြည့်ရှုသူ ဦးလှကြည် ကပြောသည်။

ခေါင်းလောင်းရှိနိုင်သောနေရာ ရှိ မြစ်ကြမ်းပြင်တွင်ရှိသောနုန်းများ ကိုဖယ်ရှားခဲ့ပြီးနောက် နုန်းအောက် တွင် ရှိနေသောသဲများကို သြဂုတ် လ ၁၈ရက်ကစတင်ကာ သောင်တူး စက်ဖြင့် စုပ်ထုတ်နေကြောင်း သိရ သည်။

ခေါင်းလောင်းဆယ်ယူရာတွင် မြန်မာ့နည်း၊ မြန်မာ့ဟန်များကို အသုံးပြုဆယ်ယူမည်ဟုဦးဆောင် သူဦးစံလင်းကပြောကြားထားသော် လည်း ဘက်ပေါင်းစုံ ပြည့်စုံမှသာ ဆယ်ယူနိုင်မည်ဟုလည်း လာရောက် ကြည့်ရှုသူတချို့က သုံးသပ်ပြောဆို နေကြသည်။

''ခေါင်းလောင်းဆယ်ဖို့ဆိုတာ က အဘက်ဘက်ကပြည့်စုံမှရမယ်။ ခေတ်မီပစ္စည်းကိရိယာတွေလိုမယ်။ နိုင်ငံတကာအကူအညီတွေလိုမယ်။ နောက်ယုံကြည်ချက်တစ်ခုရှိမှရမယ်။ ခေါင်းလောင်းက နှစ်ပေါင်း ၄ဝဝ ဆိုတော့ နှစ်မနည်းဘူး။ မြစ်ကြောင်း ပြောင်းလဲတဲ့သဘောနဲ့ဆို မလွယ် ဘူး'' ဟုတောင်ဒဂုံမြို့နယ် (၁၇)ရပ် ကွက်မှ လာရောက်ကြည့်ရှုသူ ကိုသန်း ကျော်က ပြောသည်။

သို့သော် ခေါင်းလောင်းဆယ် ယူရရှိသည်၊ မရရှိသည်ထက် ယခု လက်ရှိတွင် ခေါင်းလောင်းဆယ်ယူ ခြင်းကိုစိတ်ဝင်တစားလာရောက်ကြည့် ရှုသူများဖြင့် နေ့စဉ် စည်ကားလျက် ရှိကာ အစားအစာရောင်းချ သူများ နှင့် သမ္ဗန်သမားများမှာတော့ နေ့စဉ် အလုပ်အကိုင်အဆင်ပြေနေကြောင်း လည်း သိရသည်။

''ကျွန်တော်တို့ စနေ၊တနင်္ဂနွေ နှစ်ရက်မှာ ပိုပြီးသွားရတယ်။ အဲဒီ ရက်တွေဆို အနည်းဆုံးငါးသောင်း လောက်ရတယ်။ ကြားရက်တွေက တော့ တစ်သောင်းကျော်လောက် တော့ရတယ်''ဟု ခေါင်းလောင်းတူး ဖော်ရာနေရာသို့အသွားအပြန်ပြေး ဆွဲပေးသူ သမ္ဗန်သမား ကိုလှဝင်းက ပြောသည်။

မြစ်ကြောင်းပြောင်းလဲမှုနှင့် မြစ်ရေအနေအထားမှာယခင်အချိန် နှင့် မတူတော့ဘဲ ခေါင်းလောင်းဆယ် ယူရန် သတ်မှတ် ထားသောနေရာမှာ ရေတိမ်ပိုင်းသို့ရောက်ရှိခြင်းကြောင့် အဆင်ပြေနိုင်ကြောင်း ထိုမြစ်အတွင်း နှစ်ပေါင်းသုံးဆယ်ခန့်အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်လာသူဦးမြအောင် ကဆိုသည်။

''အရင်ကဆို ရေအရမ်းနက် တယ်။ တဖြည်းဖြည်းမြစ်ကြောင်း ပြောင်းလဲလာပြီး ရေက အရင်လို မနက်တော့ဘူး။ သူတို့အခုသောင်တူး တဲ့နားက ရေတိမ်ဘက်ပိုင်းဖြစ်နေ တယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကအ ထောက်အကူဖြစ်မယ်လို့တော့ထင် တယ်။ ခေတ်သုံးခေတ်ကိုဖြတ်လာ တဲ့သမိုင်းကိုတစ်ခေတ်တော့ မီချင် တယ်''ဟု ယင်းက ဆက်လက်ပြော သည်။

ခေါင်းလောင်းတူးဖော်မှုလုပ် ငန်းကို နေ့စဉ်ဆောင်ရွက်နေသလို ကုန်းပေါ်မှ လာရောက်ကြည့်ရှုသူ များမှာလည်း နေ့စဉ်များပြားလျက် ရှိကာခေါင်းလောင်း ဆယ်ယူသူ ဦးစံလင်းမှဆယ်ယူမှုအတွက်အနှောင့် အယှက် တစ်စုံတစ်ရာဖြစ်မည်စိုးသော ကြောင့် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်သေးကြောင်း သိရသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List