Friday, August 22, 2014

ဝန်ကြီးဌာန ဆယ်ခုပါဝင်သော'အီဘိုလာရောဂါ ကာကွယ်ရေး အရေးပေါ် အစည်းအဝေး' ကို ကျန်းမာရေးဝန်ကြီးဌာန၌ ပြုလုပ်


ဝန်ကြီးဌာန ဆယ်ခုပါဝင်သော'အီဘိုလာရောဂါ ကာကွယ်ရေးအရေးပေါ် အစည်းအဝေး'ကို သြဂုတ် ၂၁ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန၌ကျင်းပခဲ့ကြောင်း သိရသည်။ ''ဒီနေ့လုပ်တဲ့ အစည်း အဝေးမှာ ထူးထူးခြားခြားအနေနဲ့ကတော့ ရောဂါ အတည်ပြုရေးပေါ့။ 

ကမ္ဘာ ပေါ်မှာက လက်ရှိဖြစ်ပွားနေတဲ့ ကျန်းမာရေး ကုထုံးတွေ အတိုင်းဆိုရင် အီဘိုလာရောဂါဖြစ်ပြီဆိုတာ ကို ဆရာဝန်တစ်ယောက်ကလဲ ပြောလို့ မရဘူး။ အဖွဲ့အစည်းတစ်ခုကလဲ ပြောလို့မရဘူး။ တစ်နိုင်ငံလုံး ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မတီကနေ အတည်ပြုမှရမှာပါ။ အီဘိုလာနဲ့ပတ်သက်ပြီး ကာကွယ်ကုသရေး ဆိုင်ရာ လမ်းညွှန်ချက်တွေကို ဘယ်လိုလုပ် ဆောင်ကြမလဲဆိုတာဆွေးနွေးကြတာပါ'' ဟု ကျန်းမာရေးဦးစီး ဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာမင်း သန်းညွန့်က ပြောသည်။

ယင်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီတစ်ခုနှင့် ဆပ် ကော်မတီ ခုနစ်ခုကို ဖွဲ့စည်းထားပြီး စောင့်ကြပ်ကြည့်ရှုရေးဆပ်ကော်မတီ၊ ရောဂါအတည်ပြုရေးဆပ် ကော်မတီ၊ ကုသရေးဆပ်ကော်မတီ၊ ဆေးနှင့် ဆေးပစ္စည်းဆပ်ကော်မတီ၊ ဓာတ်ခွဲခန်းဆိုင်ရာလုပ်ငန်းများ ဆပ် ကော်မတီနှင့် နိုင်ငံခြားအဖွဲ့ အစည်း များနှင့်ဆက်သွယ်ခြင်း ဆပ်ကော်မတီများဖြင့်ဖွဲ့စည်း ထားကြောင်း သိရသည်။

ယင်းသို့ အတည်ပြုရန်အတွက် အဓိကလိုအပ်သည့်အချက်မှာ လူနာ၏ သွေးနမူနာတွင်ဗိုင်းရပ်စ်ရှိသည် ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိ အမှတ်ပြုထားသော ဓာတ်ခွဲခန်းတစ်ခု ၏ အတည်ပြုချက် အဖြေရှိမှသာ ပြော၍ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဖြေရှိပါက ရောဂါရှိ ခြင်း၊ မရှိခြင်းတို့အားဆပ်ကော်မတီ ကိုယ်စားကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပေးမည်ဖြစ်သည်။

''လူတွေကတအားကြောက် နေကြတော့ ရောဂါမရှိဘူး၊ ရှိတယ် ဆိုတာကို ဘယ်သူပြောပြောမယုံ ဖို့နဲ့ တကယ်တမ်းရှိပြီဆိုရင် ကျန်းမာ ရေးဝန်ကြီးဌာန ဆပ်ကော်မတီက နေ တကယ်ဖြစ်ပြီဆိုတာကို တရား ဝင်ပြောမှာပါ'' ယင်းကပြောသည်။

KTM
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List