Friday, August 22, 2014

ရွှေဘုန်းပွင့်ဆရာတော် ဦးဆောင်သောအဖွဲ့က ခေါင်းလောင်းဆယ်ယူရေး သင်္ဘောအနီး သုံးရက်တိုင်တိုင်နွားနို့စိမ်း ပိဿာ၂ဝ၊ ပေါက်ပေါက်၊ စံပယ်ကုံးတစ်ထောင်တို့ဖြင့် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်လှူဒါန်းမည်


ဓမ္မစေတီခေါင်း လောင်းတော်ကြီးဆယ်ယူမှုနှင့်ပတ် သက်ပြီး အိပ်မက်အရအလှူရှင်တစ်ဦးမှ တောင်းဆို မှုကြောင့် ရွှေဘုန်းပွင့် ဆရာတော်ဦးသုမနနှင့်ခေါင်းလောင်း ဆယ်ယူရေးပြန်ကြားရေးအဖွဲ့တို့ ယနေ့( သြဂုတ် ၂၁ရက်)မှစတင်ကာ သုံးရက်တိုင်တိုင် နွားနို့စိမ်း ပိဿာ၂ဝ၊ ပေါက်ပေါက်၊ စံပယ်ကုံးပေါင်း တစ်ထောင် တို့ဖြင့် မေတ္တာသုတ်များ ရွတ်ဖတ်ကာ လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့မှ သိရ သည်။

''အန်တီ မနက်က တရားထိုင်ချိန်မှာ အရင်ဘဝက ဆွေမျိုးတော် စပ်ခဲ့တဲ့ အစ်ကိုက လာပြီးပြောတာပါ။ နွားနို့ဆိုလဲ သူပြောတဲ့အတိုင်းပဲ လှူဒါန်းတယ်။ စံပယ်ပန်းလဲ သူပြောတဲ့အရေအတွက်ကိုပဲ လှူ တာပါ။

ဒီပစ္စည်းကို စောင့်ရှောက် နေတဲ့ပုဂ္ဂိုလ်တွေက ခေါင်းလောင်း လို့ မမှတ်ယူဘဲ ဘုရားတစ်ဆူလို့ လဲပြောတယ်။ ပေါ်တာမပေါ်တာ တော့ သေချာမသိဘူး။ ဘဝအဆက် က လှူလိုက်ပါလို့ အတိအကျလာ ပြောတဲ့အတွက် လာလှူဖြစ်တာပါ'' ဟု အိပ်မက်အရ ပြန်ကြားရေးရုံး ခန်းသို့ လာရောက် လှူဒါန်းရန် တောင်းဆိုခဲ့သူ အလှူရှင် ဒေါ်နီနီ အေးက ဆိုသည်။

ရွှေဘုန်းပွင့်ဆရာတော်နှင့်အ တူ ပြန်ကြားရေးအဖွဲ့သားများသည် ယနေ့နံနက် ၈နာရီခွဲ အချိန်တွင် ပုဇွန်တောင်ဈေး ဆိပ်ကမ်းမှစတင် ထွက်ခွာခဲ့ပြီး ခေါင်းလောင်းတော်ကြီး ဆယ်ယူရန်ရှာဖွေနေသည့် သင်္ဘော နေရာအနီးတစ်ဝိုက်၌ မေတ္တာသုတ် များ ရွတ်ဆိုပွားများပြီး နွားနို့စိမ်းများ၊ ပေါက်ပေါက်များနှင့် စံပယ်ကုံးတစ် ထောင်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

''နှစ်ပေါင်း ၄ဝဝကျော်ကတည်း က အဖိုးတန် ရတနာတစ်ခုဖြစ်တဲ့ ခေါင်းလောင်းတော်ကြီးလဲ ဖြစ်တဲ့ အပြင် ဒီခေါင်းလောင်းကြီး ဆယ် ယူရမယ်ဆိုရင် နိုင်ငံအတွက်လဲ ဂုဏ် ရှိတယ်။ ဒါ့ကြောင့်လဲ ဒီနေရာကို ရှာဖွေပြီးတော့ လာရောက်လှူဖြစ် ခဲ့တာပါ''ဟု ယင်းက ဆက်လက် ပြောခဲ့သည်။

အိပ်မက်ပေးခြင်းအရ ပြန်ကြား ရေးရုံးသို့ လာရောက်တောင်းဆိုပြီး လှူဒါန်းသူများရှိသကဲ့သို့ အိပ်မက် အရ ခေါင်းလောင်းဆယ်ယူမှုကြည့် ရှုရာနေရာဘိုးလိန်းစင်တာ ကမ်းစပ် မှလည်း လာရောက် လှူဒါန်းသူအချို့ လည်းရှိကြောင်း သိရသည်။

''ရေထဲက မည်းမည်းအလုံး ကြီးကို နဂါးနှစ်ကောင်ခြံပြီးတော့ ရေပေါ် ပေါ်လာတာကို အိပ်မက် မက်တယ်။ နောက်ရက်လဲ ထပ် မက်တယ်။ ဒါနဲ့ သူငယ်ချင်းတွေကို ပြောပြပြီး လာဆုတောင်းဖြစ်တာ ပါ။ ရလဲရစေချင်တယ်။ ဒီနေရာ ကိုလဲ တစ်ခါမှ မရောက်ဖူးပါဘူး။ အိပ်မက်က တစ်ခါလဲမက မက် တော့ လာခဲ့တာပါ။ ဒီကအစောင့် အရှောက်တွေကို လာပြီး ပူဇော် တဲ့သဘောပါ။ ကိုယ်မြင်အပ်တဲ့ ပုဂ္ဂိုလ်ရှိသလို မမြင်အပ်တဲ့ပုဂ္ဂိုလ် တွေလဲ ရှိတယ်လေ။ ဒီလိုမျိုး ပြော နေရတာကို အစ်မရင်ထဲ ခံစားရ တယ်''ဟု အိပ်မက်အရ လာရောက် လှူဒါန်း ဆုတောင်းခဲ့သူ ကြက်ဘဲ ဈေးမှ မတင်ဝင်းရီက ဆိုသည်။

ခေါင်းလောင်းတော်ကြီး ရှာ ဖွေ ဆယ်ယူရေးနှင့်ပတ်သက်ပြီး ရက်အတိအကျ ပြောဆိုနိုင်ခြင်းမရှိ သေးကြောင်းလည်း ပြန်ကြားရေး အဖွဲ့မှ သိရသည်။

''ဦးစံလင်းကတော့ ဒီလထဲမှာပဲ ရှာကို တွေ့မယ်လို့ ပြောတယ်။ ရှာဖွေရေးကို ဘယ်နေ့ အတိအကျ ပြီးမလဲ ဆိုတာတော့ ဦးတို့အနေနဲ့ မပြောနိုင်ဘူး။ ပြောလို့လဲမရဘူး။ သေချာတာတော့ တွေ့တာနဲ့ အား လုံးကို ကြေညာသွားမှာပါ'' ဟု ပြန် ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ဆိုသည်။

ခေါင်းလောင်းရှာဖွေရေးလုပ် နေသော ဦးစံလင်းအဖွဲ့သည် ခေါင်း လောင်းတော်ကြီး ဆယ်ယူမည် မဟုတ် ဘဲ တွေ့ရှိပါက ခေါင်းလောင်း တော်ကြီးကို ကြိုးဖြင့် ချည်နှောင်ထားပြီး ဆယ်ယူမှုအပိုင်းကို အစိုးရမှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းက ဆက်လက်ဆိုသည်။

ခေါင်းလောင်းကြီး ရှာဖွေဆယ် ယူရေးလုပ်ငန်းမှာ ၁၃ရက်မြောက် သို့ ရောက်ရှိခဲ့ပြီဖြစ်ကာ ရှာဖွေမှု အောင်မြင်နိုင် မအောင်မြင်နိုင်ခြင်း နှင့်ပတ်သက်ပြီးလည်း ပြည်သူများ အထူးပင်စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

TGT
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List