Thursday, August 21, 2014

မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂) ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း






(၂၀.၈.၂၀၁၄)ရက်နေ့၊ နေ့လည် (၁၄း၁၅)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၂၂၁/၁-၂၂၁/၂)ကြားတွင် JJ Express ယာဉ်လိုင်းမှ နေပြည်တော်-မန္တလေးခရီးစဉ်၊ ယာဉ်အမှတ် 1G/1493၊ ယာဉ်မောင်း - ဦးတင်လင်းအောင်၊ အသက် (၃၅)နှစ်၊ (ဘ) ဦးစံလှ မောင်းနှင်သောယာဉ်သည် မိုးရွာသွန်းနေစဉ် အရှိန်ဖြင့်မောင်းနှင်မှုကြောင့် လမ်းကွေ့တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်း ကို ကျော်ကာ အပြန်လမ်းဘက်သို့ရောက်ရှိပြီး ဘေးတစ်စောင်းတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိ ခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်း ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး နေပြည်တော်ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာရရှိသူများတွင် တယ်လီကွန်းကုမ္ပဏီ မှ တရုတ်နိုင်ငံသား အင်ဂျင်နီယာအမျိုးသား(၂)ဦးနှင့် သြစတေးလျနိုင်ငံသူ မြန်မာစာ (Ph.D)စာတမ်းပြုစုရန် လေ့လာနေသူတစ်ဦးတို့ ပါရှိခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သောယာဉ်၏ နောက်ဘီး(၄)ဘီးလုံးမှ တာယာများမှာ တာယာသားပန်းများလုံးဝမရှိဘဲ ပြောင်ချောနေပြီး စတီးကြိုးများပေါ်သည့် တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၄င်း ယာဉ်မောင်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိစေရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ် တပ်ဖွဲ့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှပူးပေါင်းပြီး ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းဖြင့်သာမောင်းနှင် စေရေး အချိန်ထိန်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိနေသော နေပြည်တော် (စီ)လမ်းဆုံ တိုးလ်ဂိတ်အားဖြတ်သန်းမောင်းနှင်ခြင်းမရှိဘဲ အမြန်လမ်းပေါ်တက်ရောက်ရန် ခွင့်ပြုထားခြင်းမရှိသောနေ ရာမှ မောင်းနှင်တက်ရောက်ခဲ့ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲမိုးသည်းထန်စွာ ရွာသွန်းနေစဉ်တွင်အရှိန်ပြင်း စွာမောင်းနှင်ခဲ့မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်းများမှ ယာဉ်မတော် တဆမှုများဖြစ်ပွားခြင်းမရှိစေရေးအတွက် အမြန်လမ်းအသုံးပြုသည့် မော်တော်ယာဉ်များအားယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေး အချိန်ထိန်းစနစ်ဖြင့် စစ်ဆေးခြင်း၊ ခရီးသည်တင်ယာဉ်များပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်မှု မရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် စာနာငဲ့ညှာခြင်းမရှိဘဲ သက်တမ်း ကုန်ဆုံးပြီး အရည်အသွေးလုံးဝမရှိသော တာယာဘီးများအသုံးပြုခဲ့သည့် မော်တော်ယာဉ်ပိုင်ရှင်/ မော်တော် ယာဉ်လိုင်းနှင့် မိမိယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ရာသီဥတု အခြေအနေတွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့သူမော်တော်ယာဉ်မောင်းအား ပညာပေး ကာလကုန်ဆုံးခဲ့ပြီးဖြစ် သဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

Ref : Yangon-Mandalay Expressway
Yangon Media Group

No comments:

Post a Comment

My Blog List